Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးနယ် ခင်မွန်ရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၍ ပြည်သူနှစ်ဦးသေဆုံးနေအိမ် ၅၀ခန့် မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း စစ်ကိုင်းမြို့နယ်တာတိုင်ကျေးရွာက ပြည်သူ၁၇ဦးနှင့် ဝက်လက်မြို့နယ်က ဒေသခံ ပြည်သူ ၇ဦးခန့်အား သတ်ဖြတ်သွားခဲ့သေးသည်။

(မီးရှို့ဖျက်ဆီးခံရသော ခင်မွန်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Khin Mon Revolution)
(မီးရှို့ဖျက်ဆီးခံရသော ခင်မွန်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Khin Mon Revolution)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ခင်မွန်ကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးပြီး နေအိမ် ၅၀ခန့်လည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၃ရက်) နံနက်ပိုင်းက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ယာဥ်နှစ်စီးဖြင့် ထွက်လာသော စစ်ကောင်စီတပ်သည် နံနက်၁၀နာရီခန့်တွင် ခင်မွန်ရွာသို့ စစ်ကြောင်းနှစ်ခုခွဲ ဝင်ရောက်ခဲ့သည်။

(မီးရှို့ဖျက်ဆီးခံရသော ခင်မွန်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Khin Mon Revolution)
(မီးရှို့ဖျက်ဆီးခံရသော ခင်မွန်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Khin Mon Revolution)

ကျေးရွာအား (၆၀)မမ၊ (၄ဝ) မမ လက်နက်ကြီးများအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦးနှင့် ၁၃ နှစ်အရွယ်ကလေးငယ် တစ်ဦးသေဆုံးခဲ့ကြောင်း၊ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း Khin Mon Revolution က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဖမ်းဆီးခံထားရသည့် ပြည်သူများလည်းရှိနေပြီး ဒေသခံထောင်ဂဏန်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့လေတိုက်တော့ ပိုဆိုးတယ်။ မီးကြွင်းမီးကျန်ကနေ အခုညထိလောင်နေတယ်။ အခုညပိုင်းအိမ်၈ လုံးထပ်ပါတယ်လို့ ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် ညနေ ၅နာရီခွဲအချိန်ထိ ပြန်မထွက်သေးဘဲ ကားလမ်းမကြီးဘေးက နေအိမ်များတွင် သောက်စားနေကြပြီး သေနတ်များပစ်ဖောက်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း စစ်ကိုင်းမြို့နယ်တာတိုင်ကျေးရွာက ပြည်သူ၁၇ဦးနှင့် ဝက်လက်မြို့နယ်က ဒေသခံ ပြည်သူ ၇ဦးခန့်အား သတ်ဖြတ်သွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။