Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးနယ် ခင်မွန်ရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၍ ပြည်သူနှစ်ဦးသေဆုံးနေအိမ် ၅၀ခန့် မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း စစ်ကိုင်းမြို့နယ်တာတိုင်ကျေးရွာက ပြည်သူ၁၇ဦးနှင့် ဝက်လက်မြို့နယ်က ဒေသခံ ပြည်သူ ၇ဦးခန့်အား သတ်ဖြတ်သွားခဲ့သေးသည်။

(မီးရှို့ဖျက်ဆီးခံရသော ခင်မွန်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Khin Mon Revolution)
(မီးရှို့ဖျက်ဆီးခံရသော ခင်မွန်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Khin Mon Revolution)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ခင်မွန်ကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးပြီး နေအိမ် ၅၀ခန့်လည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၃ရက်) နံနက်ပိုင်းက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ယာဥ်နှစ်စီးဖြင့် ထွက်လာသော စစ်ကောင်စီတပ်သည် နံနက်၁၀နာရီခန့်တွင် ခင်မွန်ရွာသို့ စစ်ကြောင်းနှစ်ခုခွဲ ဝင်ရောက်ခဲ့သည်။

(မီးရှို့ဖျက်ဆီးခံရသော ခင်မွန်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Khin Mon Revolution)
(မီးရှို့ဖျက်ဆီးခံရသော ခင်မွန်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Khin Mon Revolution)

ကျေးရွာအား (၆၀)မမ၊ (၄ဝ) မမ လက်နက်ကြီးများအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦးနှင့် ၁၃ နှစ်အရွယ်ကလေးငယ် တစ်ဦးသေဆုံးခဲ့ကြောင်း၊ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း Khin Mon Revolution က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဖမ်းဆီးခံထားရသည့် ပြည်သူများလည်းရှိနေပြီး ဒေသခံထောင်ဂဏန်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့လေတိုက်တော့ ပိုဆိုးတယ်။ မီးကြွင်းမီးကျန်ကနေ အခုညထိလောင်နေတယ်။ အခုညပိုင်းအိမ်၈ လုံးထပ်ပါတယ်လို့ ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် ညနေ ၅နာရီခွဲအချိန်ထိ ပြန်မထွက်သေးဘဲ ကားလမ်းမကြီးဘေးက နေအိမ်များတွင် သောက်စားနေကြပြီး သေနတ်များပစ်ဖောက်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း စစ်ကိုင်းမြို့နယ်တာတိုင်ကျေးရွာက ပြည်သူ၁၇ဦးနှင့် ဝက်လက်မြို့နယ်က ဒေသခံ ပြည်သူ ၇ဦးခန့်အား သတ်ဖြတ်သွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။