Connect with us

Hi, what are you looking for?

သတင်း

ဆက်ကြေးတောင်းပြန်လာသော ပျူနှင့် စစ်သားအချို့ကို ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်က အောက်ဝပ်ကျောက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ယင်းနေ့ည ၉ နာရီခွဲခန့်တွင် ရေကြောင်းမှ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ - LLPDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ - LLPDF)

▪️တပ်ကူလာသူများပါတိုက်ခိုက်ခံရပြီး သုံးဦးသေ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်မတ်တပ်ကျေးရွာနှင့် မြင်းခွာအော်ကျေးရွာများမှ မတရားဆက်ကြေးတောင်းပြီး ပြန်လာသော စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးနှစ်ဦးကို ပစ်ခတ်တိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ပြော သည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို မတ်လ၂ ရက် နေ့လယ် ၂နာရီခွဲခန့်တွင် ကျောက်နီမှော် – မြတ်ရှင်းမော်လမ်းပိုင်းတစ်နေရာ၌ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးကာ သုံးဦးမှာထွက်ပြေးသွားသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ - LLPDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ – LLPDF)

ထွက်ပြေးသွားသူသုံးဦးအား အောက်ကျောက်ဝပ်နှင့် ကျောက်ဝပ်ပြင်ကျေးရွာကြားတွင် LLPDF ရဲဘော်များက လိုက်လံပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးမှာဒဏ်ရာဖြင့်ထပ်မံထွက်ပြေးရာ ကျောက်နီမော်ကျေးရွာအနီးရောက်ရှိချိန်တွင် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း လောင်းလုံး(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦးသေဆုံးခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးပါ ကားတစ်စီးနှင့် ကိုးဦးပါကားတစ်စီးဖြင့် စုစုပေါင်း Vigo ကားနှစ်စီးဖြင့် ရောက်ရှိလာရာ ယင်းနေ့ညနေ ၄ နာရီခန့်တွင် မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကားနှစ်စီးတွင် ပထမတစ်စီးအားထိမှန်ကာ နေရာတွင်ထိုးရပ်သွားပြီးနောက် ဒုတိယအစီးမှ စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် ၍ LLPDF ရဲဘော်များ ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

ဆက်လက်ပြီး ယင်းနေ့ညနေ ၅ နာရီခန့်တွင် ကျန်ရှိနေသော Vigo ကားတစ်စီးနှင့် ခြေကျင်လိုက်ပါလာသော စစ်သားအချို့က အောက်ကျောက်ဝပ်နှင့် ကျောက်ဝပ်ပြင်ကျေးရွာတောင်ကြားဘက်သို့ ထပ်မံတပ်ဖြန့်လာရာ LLPDF ရဲဘော် များနှင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကြာဖြစ်ပွားခဲ့သည်ဟု LLPDF တာဝန်ရှိသူကရှင်းပြသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ - LLPDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ – LLPDF)

ထို့နောက် စစ်ကောင်စီတပ်က အောက်ဝပ်ကျောက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ယင်းနေ့ည ၉ နာရီခွဲခန့်တွင် ရေကြောင်းမှ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

“ဒီကောင်တွေ အထက်ဘက်ကို ပြန်တက်သွားတာဗျ။ ထားဝယ်အထိ တက်မလား ကျောက်နီမော်စခန်းပဲ ဝင်မလား သေချာတော့ မသိရဘူး”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ - LLPDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ – LLPDF)

စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားချိန် တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများအား နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်တပ်ယူနီဖောင်း သုံးစုံ၊ Vigo ကားတစ်စီး၊ လက်ကိုင်းဖုန်းသုံးလုံးနှင့် ပါဝါဘဏ်တစ်လုံး၊ ကျပ်ငါးသိန်းကျော်၊ MA3 သေနတ်တစ်လက်၊ ကျည် ၂၀ နှင့် ကျည်ဘောက်စ်တစ်ခုတို့အား သိမ်းဆည်းရရှိခဲ့သည်ဟု LLPDF တာဝန်ရှိသူက ရှင်းပြသည်။

သိမ်းဆည်းရရှိသော စစ်တပ်အသုံးအဆောင်ပစ္စည်းများအနက် Vigo ကားတစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်သားနှစ်ဦးမှာ မည်သူမည်ဝါများဖြစ်သည်ကို မသိရသော်လည်း သိမ်းဆည်းရရှိသော အထောက်အထားများအရ ဒုအရာ ခံဗိုလ် တင့်လွင်၊ တပ်ကြပ်ကြီး မြင့်အုန်းဟု ရေးမှတ်ထားသော စာရွက်ပိုင်းတစ်ခုပါရှိရာ ၎င်းအမည်ပါ ပုဂ္ဂိုလ်များဖြစ်နိုင်ကြောင်း LLPDF က ယူဆထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

Facebook