Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးခရိုင်အတွင်းနယ်မြေစိုးမိုးနိုင်ရေး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ကွင်းဆင်းဆောင်ရွက်

ပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာများအား အသိပညာပေးလုပ်ငန်းများ ၊ သွားလာရေးအချိန် သတ်မှတ်ချက်များ အပါအဝင်စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်း မပြုလုပ်ကျရန် အသိပေးမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(SPDFမှ ရဲဘော်များက မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ်။ ဓာတ်ပုံ - Salin SPDF)
(SPDFမှ ရဲဘော်များက မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ်။ ဓာတ်ပုံ - Salin SPDF)

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးနိုင်ရေး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စည်းရုံးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း Salin SPDF တော်လှန်ရေးအင်အားစုက ယနေ့ (မတ်လ ၁ရက်) အသိပေးထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာများအား အသိပညာပေးလုပ်ငန်းများ ၊ သွားလာရေးအချိန် သတ်မှတ်ချက်များ အပါအဝင်စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်း မပြုလုပ်ကျရန် အသိပေးမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“လက်နက်ခဲယမ်း မပြည့်စုံသေးတော့ ဒေသတွင်းနယ်မြေစိုးမိုးမှုက ထင်သလောက်ခရီးမပေါက် သေးဘူး”ဟု SPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် ပြည်သူလူထု တစ်ရပ်လုံးကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးနှင့် အနာဂတ်ဖက်ဒရာယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ လက်ရှိမှာ NUG ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ တရားဝင်တပ်ရင်းအဖြစ် ရောက်ရှိရေးလည်းအတွက်လည်း တပ်ရင်းတင်ထားပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

SPDF အင်အားစုတွင် စလင်း၊ပွင့်ဖြူ၊မင်းဘူး နှင့် စကုရှိ မြို့နယ်တပ်ဖွဲ့များကို စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ပတ်နီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းက ဒီကနေ့ ဧပြီ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ ပြည်သူတွေကို ထပ်မံရောင်းချသုံးစွဲတာတွေမလုပ်ဖို့ လိုက်လံစည်းရုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA က ထုတ်ပြန်ပါတယ်။