Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းဘူးခရိုင်အတွင်းနယ်မြေစိုးမိုးနိုင်ရေး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ကွင်းဆင်းဆောင်ရွက်

ပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာများအား အသိပညာပေးလုပ်ငန်းများ ၊ သွားလာရေးအချိန် သတ်မှတ်ချက်များ အပါအဝင်စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်း မပြုလုပ်ကျရန် အသိပေးမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(SPDFမှ ရဲဘော်များက မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ်။ ဓာတ်ပုံ - Salin SPDF)
(SPDFမှ ရဲဘော်များက မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ်။ ဓာတ်ပုံ - Salin SPDF)

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးနိုင်ရေး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စည်းရုံးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း Salin SPDF တော်လှန်ရေးအင်အားစုက ယနေ့ (မတ်လ ၁ရက်) အသိပေးထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာများအား အသိပညာပေးလုပ်ငန်းများ ၊ သွားလာရေးအချိန် သတ်မှတ်ချက်များ အပါအဝင်စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်း မပြုလုပ်ကျရန် အသိပေးမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“လက်နက်ခဲယမ်း မပြည့်စုံသေးတော့ ဒေသတွင်းနယ်မြေစိုးမိုးမှုက ထင်သလောက်ခရီးမပေါက် သေးဘူး”ဟု SPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် ပြည်သူလူထု တစ်ရပ်လုံးကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးနှင့် အနာဂတ်ဖက်ဒရာယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ လက်ရှိမှာ NUG ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ တရားဝင်တပ်ရင်းအဖြစ် ရောက်ရှိရေးလည်းအတွက်လည်း တပ်ရင်းတင်ထားပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

SPDF အင်အားစုတွင် စလင်း၊ပွင့်ဖြူ၊မင်းဘူး နှင့် စကုရှိ မြို့နယ်တပ်ဖွဲ့များကို စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယင်းအပြင် စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါစခန်းအနီးဝင်ကျင်သို့ တပ်ကူစေလွှတ်၍ လုံခြုံရေးတိုးမြှင့်ခဲ့သလို CDF-Asho တပ်ဖွဲ့မှလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ကင်းပုန်းချထားခဲ့ကြောင်း စုံးမ်းသိရသည်။

သတင်း

ပုလောမြို့နယ် ပလမြို့၌ ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် ယနေ့(ဇွန် ၁၇)တွင်လည်း ပလစစ်ဆေးရေးဂိတ်ကို နာရီပိုင်းခန့်ဖွင့်ပေးလိုက် လမ်းပြန်ပိတ်လိုက်လုပ်ဆောင်နေခြင်းကြောင့် ကုန်စည်ကူးသန်းသူများနှင့် ခရီးသွားပြည်သူများ သွားလာရေးအခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

သတင်း

ချေးငွေလုပ်ငန်းနှစ်ခုမှ ဝန်ထမ်းများကို နောက်တစ်ကြိမ်မပြုလုပ်ရန် သတိပေးပြောကြားခဲ့ကာ သိမ်းဆည်းရမိသော စာရွက်စာတန်းမှတ်တမ်းများအား မီးရိူ့ ဖျက်ဆီးခဲ့ပြီးကျန်ရှိပစ္စည်းများကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းခဲ့သည်။

သတင်း

မင်းဘူးမြို့တွင် ယနေ့(ဖေဖော်ဝါရီလ ၂ရက်)နံနက် ၆ နာရီ၃၀မိနစ်ခန့်က ငလျင်လှုပ်ခတ်သွား​ခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။