Connect with us

Hi, what are you looking for?

သတင်း

တာတိုင်ရွာခံ ၁၇ဦးသတ်ဖြတ်မှုအပါအဝင် ပြည်သူ များအပေါ် စစ်ကောင်စီရက်စက်စွာ ကျူးလွန်နေမှုများအား လျစ်လျူရှုမထားရန် NUG ထုတ်ပြန်

နိုင်ငံတကာတရားစွဲအဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို ယခုလက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်စပ်ဒေသတွင် သာမကပဲ မြန်မာတစ်နိုင်ငံလုံးအနှံ့ကျူးလွန်မှုများအထိ ချဲ့ထွင်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူများအား ဆယ်ယူပြီး မီးသဂြိုလ်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - Aung San Pyae Oo)
(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူများအား ဆယ်ယူပြီး မီးသဂြိုလ်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - Aung San Pyae Oo)

▪️စစ်အုပ်စုကျူးလွန်နေသည့်ရာဇဝတ်မှုများ လျင်မြန်စွာအဆုံးသတ်နိုင်ရေး ပံ့ပိုးကူညီပေးရန် တောင်ဆို

▪️စစ်ကောင်စီတပ်ဝင်လာပါက ဘေးလွတ်ရာသို့ အမြန်ရှောင်တိမ်းကြရန် ဒေသခံများအား မေတ္တာရပ်ခံ

အကြမ်းဖက်စစ်အုပ်စုက တာတိုင်ကျေးရွာရှိ ဒေသခံပြည်သူ ၁၇ဦးကို ရက်စက်စွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက် ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာအနေဖြင့် စစ်အုပ်စုကျူးလွန်နေသည့် ရာဇဝတ်မှုများ အမြန်အဆုံးသတ်နိုင်ရေး ပံ့ပိုးကူညီပေးရန် တောင်းဆိုခဲ့သည်။

မတ်လ ၁ရက်က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာရှိ ပြည်သူ ၁၇ ဦးကို ရက်စက်စွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပါအဝင် မတရားအာဏာလုယူထားသည့်ကာလအတွင်း ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု၊ လူအစုံလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်မှု၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို လုယက်ဖျက်ဆီးမှုများ အားလုံးကို ပြင်းထန်စွာရှုတ်ချကြောင်း NUGက ထုတ်ပြန်ခဲ့ပြီး တရားမျှတမှု ပြန်လည်ရရှိရေးအတွက် အလေးအနက်ထား ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူများအား ဆယ်ယူပြီး မီးသဂြိုလ်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - Aung San Pyae Oo)
(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူများအား ဆယ်ယူပြီး မီးသဂြိုလ်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ – Aung San Pyae Oo)

အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများ၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ် နှင့် မသန်စွမ်းတို့ပါမချန် ရက်ရက်စက်စက်သတ်ဖြတ်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် အမြဲမပြတ် သိရှိစေနိုင်သည့် အစီအမံများ ဆောင်ရွက်ရန်NUG က တိုက်တွန်းထားသည်။

ထို့ပြင် စစ်ကောင်စီတပ်များ ဝင်ရောက်လာပါက ဘေးလွတ်ရာသို့ အလျင်အမြန်ထွက်ခွာ ရှောင်တိမ်းကြပါရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိကျင်းပလျက်ရှိသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးများတွင်လည်း အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုအပေါ် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေမှုများအား သိမြင်ဆွေးနွေးကြပြီး ထိရောက်သော လုပ်ဆောင်မှုပါဝင်သည့် ဆုံးဖြတ်ချက်များချမှတ်ရန် NUGက တိုက်တွန်းသည်။

နိုင်ငံတကာတရားစွဲအဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို ယခုလက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်စပ်ဒေသတွင် သာမကပဲ မြန်မာတစ်နိုင်ငံလုံးအနှံ့ကျူးလွန်မှုများအထိ ချဲ့ထွင်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

Independent Investigative Mechanism for Myanmar (IIMM) အနေဖြင့်လည်း ရရှိထားသော အချက်အလက်များကိုအသုံးပြုပြီး ကျူးလွန်သူများကို အရေးယူနိုင်မည့်နိုင်ငံအလိုက် တရားရုံးများကို ဖော်ထုတ်ပြီး ထိရောက်စွာလုပ်ဆောင်သွားရန်လည်း NUGက တိုက်တွန်းသည်။

(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူများအား ဆယ်ယူပြီး မီးသဂြိုလ်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - Aung San Pyae Oo)
(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူများအား ဆယ်ယူပြီး မီးသဂြိုလ်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ – Aung San Pyae Oo)

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေး အင်အားစုများအားလုံးနှင့် အမြန်ဆုံး ညှိနှိုင်းတိုင်ပင် ကူညီပံ့ပိုးခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ်ကျူးလွန်လျက်ရှိသည့် ရာဇဝတ်များ လျင်မြန်စွာအဆုံးသတ်နိုင်ရေး အစောတလျင် ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းကြောင်းလည်း NUGက ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထု၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန်အတွက် ဆက်သွယ်ရေး ဆိုင်ရာနည်းပညာနှင့် ပစ္စည်းကိရိယာများ၊ ကြိုတင်သတိပေးခြင်းစနစ်ဆိုင်ရာ ပစ္စည်းကိရိယာများစသည်တို့ကိုထောက်ပံ့ပေးရန် လည်း NUGက နိုင်ငံတကာထံသို့ တောင်းဆိုခဲ့သည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများ အပေါ် စီးပွားရေးပိတ်ဆို့မှုအပါအဝင် လက်နက်ခဲယမ်းတင်သွင်းရောင်းချမှု၊ စစ်ရေးတွင်အသုံးပြုနိုင်သည့် နည်းပညာပံ့ပိုးမှု၊ လေယာဉ်ဆီတင်သွင်းမှု နှင့် အကြမ်းဖက်စစ်တပ်အသုံးပြုလျက်ရှိသည့် စစ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းမှုများကို ပိတ်ပင်တားဆီးခြင်းများ ပြုလုပ်ပေးကြရန် NUGက တောင်းဆိုသည်။

NUG၏ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အကြမ်းဖက်စစ်တပ် ကျူးလွန်သော ရာဇဝတ်မှုများအားလုံးနှင့် ပတ်သက်ပြီး အချက်အလက်ရယူစုဆောင်းခြင်း၊ လူသက်သေ၊ ပစ္စည်းသက်သေများ ရယူစုဆောင်းခြင်း၊ နိုင်ငံတကာတရားစွဲအဖွဲ့အစည်းများသို့ ပေးပို့ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားစီရင်ရေးမဏ္ဍိုင်မှတဆင့် အရေးယူ ဆောင်ရွက်နိုင်ရန် စီမံခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့ခြင်း စသည့် လုပ်ငန်းဆောင် တာများကို ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။