Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တွင် PDF စခန်းတစ်ခုစီးနင်းခံရပြီး ရွာပါမီးရှို့ခံရ

ကျောက်မှော်ရွာတွင် ယနေ့ညနေ ၃နာရီခန့်အထိ မီးလောင်ကျွမ်းနေပြီး စစ်ကောင်စီတပ်က ရွာအတွင်း တပ်စွဲထားဆဲဖြစ်ကြောင်း​ဒေသခံအချို့က​ပြောသည်။

(​ကျောက်​မော်ရွာမီး​လောင်​နေသည်ကို အ​ဝေးမှ​နွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ကျောက်​မော်ရွာမီး​လောင်​နေသည်ကို အ​ဝေးမှ​နွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎ကား၊ဆိုင်ကယ်နှင့်အ​ဆောက်အအုံအချို့ပျက်စီးခဲ့​သော်လည်းPDF များလွတ်​မြောက်​အောင်ဆုတ်ခွာနိုင်ခဲ့ဟုဆို

ထီးချိုင့်မြို့ ကျောက်မှော်ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ယနေ့(မတ်လ ၉ရက်)နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျောက်‌မှော်ရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။

” မနက်က ၇ နာရီ ၄၅ မိနစ်လောက်မှာ စခန်းကိုဝင်စီးတယ်။ ပြီးတော့ အဲ့ဒီနေရာကနေ မီးစရှို့တာ ရွာထဲကအိမ် ကုန်သလောက်ပဲ” ဟု စစ်ဘေးရှောင်နေရသော ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုကို အင်အားအများအပြားဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ် ခုနှစ်စီး၊ ကားတစ်စီးနှင့် စခန်းအဆောက်အဦးအချို့ ဆုံးရှုံးခဲ့​သော်လည်းPDF တပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏​ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်မှော်ရွာတွင် ယနေ့ညနေ ၃နာရီခန့်အထိ မီးလောင်ကျွမ်းနေပြီး စစ်ကောင်စီတပ်က ရွာအတွင်း တပ်စွဲထားဆဲဖြစ်ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့