Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဖမ်းဆီးခံရပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်အလောင်းပြန်တွေ့

ဆိပ်မူရပ်ကွက် ဘွန်ဘရာကုန်းတွင်နေထိုင်သော ကျော်ငြိမ်းဆိုသူသည် နတ်မှော်ကျေးရွာလမ်းပေါ်တွင် ဖမ်းဆီးခရခြင်း ဖြစ်သည်။

ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဖမ်းဆီးခံရပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်အလောင်းပြန်တွေ့
ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဖမ်းဆီးခံရပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်အလောင်းပြန်တွေ့

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီသတင်းပေး ဆယ်အိမ်မှူးဟောင်းတစ်ဦးကို လူတစ်စုက ဖမ်းဆီးသွားပြီးနောက် ခြောက်ရက်အကြာတွင် သေဆုံးနေသည့်ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့သည်။

ဆိပ်မူရပ်ကွက် ဘွန်ဘရာကုန်းတွင်နေထိုင်သော ကျော်ငြိမ်းဆိုသူသည် နတ်မှော်ကျေးရွာလမ်းပေါ်တွင် ဖမ်းဆီးခရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“၃ရက်နေ့က အဖမ်းခံရတယ်။ ၈ရက်နေ့မှာ သူ့အလောင်းကို ဝှေခါနဲ့ ဆိပ်မူလမ်းခွဲမှာ တွေ့တယ်။ သူက စစ်ကောင်စီသတင်းပေးဖြစ်တယ်။ သူ့ကြောင့်အဖမ်းခံရသူတွေ ရှိတယ်”ဟု ဆိပ်မူကျေးရွာ‌ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကျော်ငြိမ်းသည် အသက်(၆၉)နှစ်အရွယ်ရှိပြီး ဆယ်အိမ်မှူးဟောင်းတစ်ဦးဖြစ်သလို စစ်ကောင်စီသတင်းပေးနေသူဟု ဒေသခံများက ပြောသည်။

“အပြစ်မဲ့ပြည်သူတွေ အဖမ်းခံထားရတယ်။ ဒလန်တွေကြောင့် အဖမ်းခံရတာများတယ်။ဒလန်တွေ ရှင်းနိုင်မှ ပြည်သူတွေ သက်သာမယ်”ဟု ‌ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်က ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့တွင်ပါဝင်သလို ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သော အောင်နိုင်ဆိုသူသည် မော်ဝမ်းရပ်ကွက်၊ ရွှေစည်းစိမ်လက်ဖက်ရည်ဆိုင်ရှေ့တွင် မတ်လ ၄ရက် ညနေ ၅ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရသေးသည်။

Public Service Announcement

Public Service Announcement