Connect with us

Hi, what are you looking for?

သတင်း

ဆင်ပေါင်ဝဲတွင် စစ်ကောင်စီက တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ပြည်သူများဖမ်းဆီးသည့်အပြင် ရွှေထည်ပစ္စည်းများပါလုယူနေ ဒေသခံများပြော

မတ်လ ၈ ရက်နှင့် ၉ ရက်များတွင်လည်း ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ရာ ယနေ့(မတ် ၁၁) အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

(ကိုးပင် - သာဂရ လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်)
(ကိုးပင် - သာဂရ လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်)

မကွေးတိုင်း အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ဝင်ရောက်ကာ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ (မတ် ၁၀ ရက်)က အင်အား (၇၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် လဲဇင်အုပ်စု လဲဇင်ကျေးရွာသို့ဝင်ရောက်ပြီး ရွာခံများဖြစ်သော ဦးတင်ဝင်းအောင်၊ ဦးတင်လင်းထွန်း၊ဦးကျော်ဆန်းလင်း၊ ဦးမြင့်ဦး၊ ဦးကျော်သန်းနှင့် ဦးကျော်လင်းနိုင်တို့ခြောက်ဦးကို မတရားဖမ်းဆီးသွားသည်ဟု ဆိုသည်။

“တစ်အိမ်တက်ဆင်းလိုက်ပြီးတော့ PDF တွေရှိမရှိ လိုက်စစ်နေတာ။ ဆက်စပ်မှုရှိတယ်ထင်တဲ့သူတွေကိုလည်း ဖမ်းဆီးတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် လဲဇင်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ နွားနှစ်ကောင်အား ရိက္ခာအဖြစ်ယူဆောင်သွားကာ ရွှေတစ်ကျပ်သားနှင့် ငွေကျပ်ငါးသိန်းကိုပါ လုယူသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၈ ရက်နှင့် ၉ ရက်များတွင်လည်း ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ရာ ယနေ့(မတ် ၁၁) အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

“အခုက ထပ်အဖမ်းခံရတာ။ တခြားကျေးရွာတွေရောထည့်တွက်ရင် ၁၅ ဦးလောက်ရှိနေပြီ”ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား (၃၀၀)ခန့်သည် ကိုးပင် – သာဂရလမ်းပိုင်း လမ်းဘေးဝဲယာရှိ ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပဲခူးရိုးမအတွင်း နယ်မြေရှင်းလင်းရေးလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။