Connect with us

Hi, what are you looking for?

သတင်း

ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်တပ်က ပြည်သူခြောက်ဦးကိုဓါးစာခံအဖြစ်ဖမ်းဆီး​ပြီးပဲခူးရိုးမဘက်စစ်ကြောင်းထိုးနေ

ဓါးစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောပြည်သူများတွင် ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးပါဝင်ပြီးယနေ့မတ် ၈ ရက်မနက်ပိုင်းအထိစစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ကချင်ပြည်နယ်တစ်​နေရာတွင်​၂၀၂၁ ခုနှစ်ကတွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ကချင်ပြည်နယ်တစ်​နေရာတွင်​၂၀၂၁ ခုနှစ်ကတွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)

မကွေးတိုင်းအောင်လံခရိုင်ဆင်ပေါင်ဝဲမြို့နယ်တွင်စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို ဖမ်းဆီးပြီးဓါးစာခံအဖြစ်အသုံးပြု၍ ပဲခူးရိုးမသို့စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက People’s Spring သတင်းဌာနသို့ ပြောသည်။

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် – သာဂရလမ်းပိုင်းရှိ ဘန်ကုန်းကျေးရွာဘက်တွင် စစ်တပ်အင်အား (၇၀) ကျော်၊ ဓနှုံးမြောင်ကျေးရွာဘက်တွင် အင်အား (၄၀)ကျော်၊ ကျင်းအုပ်စု ငါးရံ့ချောင်ကျေးရွာဘက်တွင် အင်အား (၁၀၀)ကျော်နှင့် ဂွေးထောက်စမ်းအုပ်စု ဝန်ကုန်းကျေးရွာဘက်တွင် အင်အား (၈၀)ဖြင့် စစ်ကြောင်းလေးကြောင်းခွဲကာ ပဲခူးရိုးမတောင်ခြေဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“ဓါးစာခံအဖြစ်အဖမ်းခံထားရတာဖြစ်နိုင်ပါတယ်။လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက အဲဒီ​ဒေသမှာ အမျိုး သမီးတစ်းဦး၊ အမျိုးသားငါးဦး ဖမ်းဆီးခံထားရပါတယ်”ဟုစစ်ကြောင်းများတစ်လျှောက် ဒေသခံပြည်သူခြောက်ဦးဖမ်းဆီးခံရမှုအား ဒေသအခြေစိုက် တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းများသည်ယမန်နေ့ မတ် ၇ ရက်တွင် ပဲခူးရိုးမပေါ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး စုစုပေါင်း အင်အား (၃၀၀)ဝန်းကျင်ဖြင့် သုံးနေရာခွဲ၍ တပ်ဖြန့်ထားသည်ကို ဒေသခံပြည်သူများထံမှတဆင့် စုံစမ်းသိရကြောင်း ၎င်းတော်လှန်ရေးရဲဘော်က ရှင်းပြည်သည်။

Public Service Announcement

Public Service Announcement

ဓါးစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောပြည်သူများတွင် ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးပါဝင်ပြီးယနေ့မတ် ၈ ရက်မနက်ပိုင်းအထိစစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

အလားတူ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်ဘက်မှနေ မင်းလှ – မြို့ချောင်းရိုးမဖြတ်လမ်းအတိုင်း ပဲခူးရိုးမပေါ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ‘ရိုးမ’က အသိပေးထားသည်။

ထိုသို့ ပဲခူးရိုးမပေါ်သို့ ရိုးမဖြတ်လမ်းအတိုင်း စစ်ကားသုံးစီးဖြင့် ဝင်ရောက်လာရာတွင် မတ် ၂ ရက်က မင်းလှ – မြို့ချောင်းလမ်းပေါ် ခါချဥ်တောင်အနီး စစ်ကားတစ်စီးတိမ်းမှောက်ကာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးသွားကြောင်း ‘ရိုးမ’တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။