Connect with us

Hi, what are you looking for?

သတင်း

ကျောက်မှော်ရွာမီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံလူငယ်သုံးဦးရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကောင်စီတပ်သည် ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ရက် နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ခန့်ရှိသော ကျောက်‌မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Tigying Revolution)
(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Tigying Revolution)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံလူငယ်သုံးဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားရာ သုံးရက်မြောက်အထိ ပြန်လွတ်မလာသေးကြောင်း ဒေသခံများက ပြောသည်။

“ရွာကို စမီးရှို့တဲ့နေ့က ပျောက်နေတာ။ ဘယ်လိုမှ စုံစမ်းလို့မရဘူး။ ဒီမနက် သတင်းရတာက စစ်ကြောင်းက ကြိုးတုပ်ရိုက်နှက်ပြီးခေါ်သွားတာ သိရတယ်။ သူတို့က အရပ်သားတွေပါ”ဟု ‌ကျောက်မှော်ရွာဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံလိုက်ရသော လူငယ်သုံးဦးအတွက် ဒေသခံများက စိတ်ပူနေကြသည်။ စစ်ကောင်စီစစ်ကြောင်းက ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ကျေးရွာမှထွက်ခွာသွားပြီဖြစ်ပြီး အဆိုပါ လူငယ်သုံးဦးမှာ ပြန်လွတ်မြောက်လာခြင်း မရှိသေးပေ။

Public Service Announcement
Public Service Announcement

“မိသားစုဝင်တွေ စိတ်ပူနေကြတယ်။ ဒီလူငယ်တွေက အရပ်သားစစ်စစ်ပါ။ ဘယ်‌လိုတွေ လုပ်ရမယ်လဲ မသိကြတော့ဘူး။ တစ်ရွာလုံးလည်း ဒုက္ခရောက်နေပြီ”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ရက် နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ခန့်ရှိသော ကျောက်‌မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

“ရွာထဲကို ဝင်လာကတည်းက လက်နက်မျိုးစုံပစ်ဝင်လာပြီး မြင်သမျှ ပစ်တာ။ တစ်ရွာလုံးကို ရှို့တာ။ အိမ်တွေလည်း ကုန်ပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မှော်ရွာတွင် နေအိမ်‌ ၄၅၀ခန့် မီးလောင်သွားပြီး တစ်ရွာလုံးသည် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းရရှ်ိသည်။ ထိုစစ်ကောင်စီစစ်ကြောင်းသည် ကသာနယ်ဘက်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်းနောက်ဆုံး သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။