Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတောင်ရှိပြည်သူ့စစ်နယ်ကိုသုံးပြီး ရိက္ခာလာပို့သည့် စစ်တပ်နှင့် နှစ်လခွဲအတွင်းတိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ဟု ကရင်နီတပ်အသိပေး

မတ်လ ၁၁ ရက်​နေ့က နယ်စပ်မှတ်တိုင် BP-8 နှင့် BP-9 အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ KMICကထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)
(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)

▪︎မတ် ၁၁တိုက်ပွဲ စစ်ကောင်စီတပ်မှ အလောင်း ၂လောင်းနှင့် ခဲယမ်းများရဟု ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်းပြည်သူ့စစ်(SSS) နယ်မြေကိုအသုံးပြုပြီး ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်များ၏ အရေးပါသည့် စစ်တပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရေးနှင့် လုံခြုံရေး ယူပေးရသည့် စစ်ကောင်စီတပ်ရင်းများနှင့် နှစ်လခွဲအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့-KMICကထုတ်ပြန်သည်။

မတ်လ ၁၁ ရက်​နေ့က နယ်စပ်မှတ်တိုင် BP-8 နှင့် BP-9 အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ KMICကထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)
(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)

ရှမ်း-ကရင်နီနယ်စပ်အနီး ခေတ္တစခန်းအခြေပြုနေသော ကရင်နီတပ်မတော်အား ရှမ်းပြည်ဖက်မှ ဆင်းလာသော ရိက္ခာနှင့် လမ်းလုံခြုံရေးတာဝန်ယူထားသည့် ခမရ(၃၃၄)နှင့် ခမရ-(၅၁၉)တပ်ရင်းမှ ယမန်​နေ့ ​နေ့ခင်းပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မေလယုစခန်းထိုင် ခမရ(၃၃၇)တပ်ရင်းကလည်းလက်နက်ကြီး(၁၅) လုံးခန့်ပစ်ကူခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲမှာ ညနေ(၆)နာရီအထိကြာမြှင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုများရှိပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ကရင်နီတပ်မတော် နည်းဗျူဟာ(၁)မှူးက သတင်းပေးပို့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နောက်သို့ လိုက်လံရှင်းလင်းရာ ခမရ(၃၃၄)နှင့် ခမရ(၅၁၉)တပ်ရင်း၏ အလောင်း(၂)လောင်းနှင့် ခဲယမ်းမျိုးစုံကို သိမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူဖော်ပြသည်။စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု အရေအတွက်မသိရှိရသော်လည်း အလောင်းများ သို့မဟုတ် ဒဏ်ရာရရှိသူများကို ဆွဲယူသွားသည့် ခြေရာလက်ရာများကို တွေ့ရှိခဲ့ရကြောင်း အသိ​ပေးထားသည်။

(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)
(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)

စစ်ကောင်စီတပ်သည်ကရင်နီပြည်နယ်အတွင်းမြန်မာ-ထိုင်းနယ်စပ်ရှိ ရှေ့တန်းစခန်းများအား ယခုပွင့်လင်းကာလ၌ လက်နက်ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ ကရင်နီတပ်​များကလည်း ဆက်တိုက်ကြားဖြတ်တိုက်ခိုက်​နေသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က ကရင်နီပြည်နယ်သို့ စစ်မျက်နှာလေးခုဖွင့်ပြီး ထိုးစစ်ဆင်လျက်ရှိရာ ကရင်နီတပ်များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ စသည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။