Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပြည်ဦးတည်နေသည့် ယာဉ်အစီး ၈၀ခန့်ပါ စစ်ကောင်စီယာဉ်တန်း ကျောက်ထုနယ်မှ ထွက်ခွာ

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယမန်နေ့ ညက တပြင်းကျေးရွာ၌ ညအိပ်စခန်းချခဲ့ကြောင်း၊ ယာဉ်အစီး ၈၀ ပါစစ်ကောင်စီယာဉ်တန်းသည် တပြင်းကျေးရွာမှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်း မင်းတပ် CDFက ယနေ့ ထုတ်ပြန်သည်။

(မင်းတပ် - မတူပီ လမ်းမကြီးပေါ်တွင် ဖြတ်သန်းနေသော စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ မေလ ၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)
(မင်းတပ် - မတူပီ လမ်းမကြီးပေါ်တွင် ဖြတ်သန်းနေသော စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ မေလ ၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)

▪️ဆောနယ် တပြင်းရွာအနီး ပစ်ခတ်မှုဖြစ်ပွား

▪️လက်နက်ကြီးရမ်းပစ်နေ၍ ပြည်သူများအသွားအလာသတိပြုရန် CDF အသိပေး

ချင်းပြည်နယ်သို့ ဦးတည်နေသည့် စစ်ကောင်စီ၏ ယာဉ်အစီး ၈၀ခန့်ပါ စစ်ယာဉ်တန်းသည် ကျောက်ထုနယ်မှ ထွက်ခွာသွားကြောင်း ဒေသခံနှင့် ချင်းကာကွယ်ရေးတပ်(CDF)- မင်းတပ်က အသိပေးသည်။

“စစ်ကြောင်းကတော့ ကားတွေကတော့ ပစ်တယ်နဲ့ တူပါတယ်။ တပြင်းဘက်မှာ။ မင်းတပ်တပ်မလားမသိရဘူး။ အစကတော့ ထီးလင်း- ဂန့်ဂေါသွားမယ်လို့ကြားတာ။ ထီးလင်းဂန့်ဂေါဆိုရင်လည်း ပေါက်ကနေ ဖြတ်သွားရမယ့်ဟာကို အခုက ကျောက်ထုနားရောက်နေပြီဆိုတော့ ဘယ်ကိုသွားမလဲမသိဘူးဖြစ်နေတယ်။ ကားအစီးရေ ၈၀လို့ကြားတယ်”ဟု ဆောဒေသခံတစ်ဦးက ယနေ့နံနက်တွင် ပြောသည်။

ယမန်နေ့ညကတည်းက တပြင်းဘက်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲဖြစ်တယ်လို့လည်း ကြားတယ် ဒီနေ့ဖြစ်တာ တပြင်းနားလောက်မှာ။ မြို့(ကျောက်ထု)နဲ့ဆို ၁၂ မိုင်လောက်ဝေးတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယမန်နေ့ ညက တပြင်းကျေးရွာ၌ ညအိပ်စခန်းချခဲ့ကြောင်း၊ ယာဉ်အစီး ၈၀ ပါစစ်ကောင်စီယာဉ်တန်းသည် တပြင်းကျေးရွာမှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်း မင်းတပ် CDFက ယနေ့ ထုတ်ပြန်သည်။

ရှေ့ပွိုင့် များမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကြရင်း တောမီးများလည်းရှို့နေကြကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အသွားအလာ သတိပြု၍ ဂရုစိုက်ကြရန်လည်း မင်းတပ် CDFက အသိပေးထားသည်။

ယခင်ကလည်း စစ်ကောင်စီယာဉ်တန်းများ ကျောက်ထု- မင်းတပ်မှတဆင့် မတူပီသို့ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းမှု လုပ်ဆောင်ခဲ့ရာ မင်းတပ် CDF၊ မတူပီ CDFကလမ်းခရီးတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မိုင် ၁၀၀ ကျော်သာဝေးသည့် ခရီးကို နှစ်ပတ်ကျော်ခရီးနှင်ခဲ့ကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။