Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်ဦးတည်နေသည့် ယာဉ်အစီး ၈၀ခန့်ပါ စစ်ကောင်စီယာဉ်တန်း ကျောက်ထုနယ်မှ ထွက်ခွာ

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယမန်နေ့ ညက တပြင်းကျေးရွာ၌ ညအိပ်စခန်းချခဲ့ကြောင်း၊ ယာဉ်အစီး ၈၀ ပါစစ်ကောင်စီယာဉ်တန်းသည် တပြင်းကျေးရွာမှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်း မင်းတပ် CDFက ယနေ့ ထုတ်ပြန်သည်။

(မင်းတပ် - မတူပီ လမ်းမကြီးပေါ်တွင် ဖြတ်သန်းနေသော စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ မေလ ၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)
(မင်းတပ် - မတူပီ လမ်းမကြီးပေါ်တွင် ဖြတ်သန်းနေသော စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ မေလ ၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)

▪️ဆောနယ် တပြင်းရွာအနီး ပစ်ခတ်မှုဖြစ်ပွား

▪️လက်နက်ကြီးရမ်းပစ်နေ၍ ပြည်သူများအသွားအလာသတိပြုရန် CDF အသိပေး

ချင်းပြည်နယ်သို့ ဦးတည်နေသည့် စစ်ကောင်စီ၏ ယာဉ်အစီး ၈၀ခန့်ပါ စစ်ယာဉ်တန်းသည် ကျောက်ထုနယ်မှ ထွက်ခွာသွားကြောင်း ဒေသခံနှင့် ချင်းကာကွယ်ရေးတပ်(CDF)- မင်းတပ်က အသိပေးသည်။

“စစ်ကြောင်းကတော့ ကားတွေကတော့ ပစ်တယ်နဲ့ တူပါတယ်။ တပြင်းဘက်မှာ။ မင်းတပ်တပ်မလားမသိရဘူး။ အစကတော့ ထီးလင်း- ဂန့်ဂေါသွားမယ်လို့ကြားတာ။ ထီးလင်းဂန့်ဂေါဆိုရင်လည်း ပေါက်ကနေ ဖြတ်သွားရမယ့်ဟာကို အခုက ကျောက်ထုနားရောက်နေပြီဆိုတော့ ဘယ်ကိုသွားမလဲမသိဘူးဖြစ်နေတယ်။ ကားအစီးရေ ၈၀လို့ကြားတယ်”ဟု ဆောဒေသခံတစ်ဦးက ယနေ့နံနက်တွင် ပြောသည်။

ယမန်နေ့ညကတည်းက တပြင်းဘက်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲဖြစ်တယ်လို့လည်း ကြားတယ် ဒီနေ့ဖြစ်တာ တပြင်းနားလောက်မှာ။ မြို့(ကျောက်ထု)နဲ့ဆို ၁၂ မိုင်လောက်ဝေးတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယမန်နေ့ ညက တပြင်းကျေးရွာ၌ ညအိပ်စခန်းချခဲ့ကြောင်း၊ ယာဉ်အစီး ၈၀ ပါစစ်ကောင်စီယာဉ်တန်းသည် တပြင်းကျေးရွာမှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်း မင်းတပ် CDFက ယနေ့ ထုတ်ပြန်သည်။

ရှေ့ပွိုင့် များမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကြရင်း တောမီးများလည်းရှို့နေကြကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အသွားအလာ သတိပြု၍ ဂရုစိုက်ကြရန်လည်း မင်းတပ် CDFက အသိပေးထားသည်။

ယခင်ကလည်း စစ်ကောင်စီယာဉ်တန်းများ ကျောက်ထု- မင်းတပ်မှတဆင့် မတူပီသို့ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းမှု လုပ်ဆောင်ခဲ့ရာ မင်းတပ် CDF၊ မတူပီ CDFကလမ်းခရီးတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မိုင် ၁၀၀ ကျော်သာဝေးသည့် ခရီးကို နှစ်ပတ်ကျော်ခရီးနှင်ခဲ့ကြရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။