Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေထောင်မှာ ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းလို့ဆိုကာ ပစ်သတ်လို့ ၁ ဦးသေဆုံး

အိပ်ဆောင်လှေကား သစ်သားလက်ရန်းတန်းတွေကို ချိုးပြီး အကျဉ်းထောင်ဝန်ထမ်း ၂ ဦးကို ရိုက်နှက်ကာ ထွက်ပြေးဖို့လုပ်တာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

ညောင်ရွှေထောင်မှာ ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းလို့ဆိုကာ ပစ်သတ်လို့ ၁ ဦးသေဆုံး
ညောင်ရွှေထောင်မှာ ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းလို့ဆိုကာ ပစ်သတ်လို့ ၁ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေထောင်မှာ ဒီမနက်ပိုင်းက ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းတယ်ဆိုပြီး ပစ်ခတ်ဖမ်းဆီးရာမှာ အကျဉ်းသား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားပါတယ်။

ဒီမနက် ၈ နာရီခွဲခန့်က ညောင်ရွှေထောင် ၂ ထပ်အိပ်ဆောင် မှာ အကျဉ်းသား ၁၅ဦး ခန့်ဟာ အိပ်ဆောင်နောက်ဖက်ကအုတ်ရိုးကိုကျော်တက်ပြီး ထွက်ပြေးဖို့ ကြိုးပမ်းတယ်လို့စစ်ကောင်စီက ဒီနေ့ညပိုင်းမှာ သတင်းထုတ်လာပါတယ်။

အိပ်ဆောင်လှေကား သစ်သားလက်ရန်းတန်းတွေကို ချိုးပြီး အကျဉ်းထောင်ဝန်ထမ်း ၂ ဦးကို ရိုက်နှက်ကာ ထွက်ပြေးဖို့လုပ်တာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီဖြစ်စဉ်မှာ ပစ်ခတ်မှု တွေ ရှိခဲ့တယ်လို့ အကျဉ်း ဦးစီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ထံကသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ လည်းကင်းမျှော်စင်ပေါ်က နေ သေနတ် ၅ ချက်ပစ်ခဲ့တယ်လို့ ဆိုထားတာတွေ့ရပါတယ်။

ပစ်ခတ်မှုကြောင့် အကျဉ်းသား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။