Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်သင်္ကြန်အတွက် ကြိုပြင်ဆင်နေသည့် စစ်ကောင်စီ

မြို့တော်ဝန်မဏ္ဍပ်ကို ယခင်ဆောက်နေကျ နေရာမှာပင် ဆောက်နေခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်မဏ္ဍပ်များဆောက်မည်ဟု စစ်ကောင်စီက‌ကြေညာထားသည်။

ရန်ကုန်သင်္ကြန်အတွက် ကြိုပြင်ဆင်နေသည့် စစ်ကောင်စီ
ရန်ကုန်သင်္ကြန်အတွက် ကြိုပြင်ဆင်နေသည့် စစ်ကောင်စီ

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။

မြို့တော်ဝန်မဏ္ဍပ်ကို ယခင်ဆောက်နေကျ နေရာမှာပင် ဆောက်နေခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်မဏ္ဍပ်များဆောက်မည်ဟု စစ်ကောင်စီက‌ကြေညာထားသည်။

ယခုနှစ်အတွင်း အထိမ်းအမှတ်နေ့များတွင် ပျော်ပွဲရွှင်ပွဲများပြုလုပ်လေ့ရှိသည့် ပြည်သူ့ရင်ပြင်ထဲတွင်လည်း ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များစတင်ဆောက်လုပ်နေသည်ကိုတွေ့ရသည်။

မန္တလေးမှာလည်း ကျုံးဘေးပတ်လည်နှင့် လမ်းမကြီးများပေါ် ရေကစားမဏ္ဍပ်များကို အခွန်မကောက်ဘဲ ဆောက်လုပ်ခွင့်ပြုမည်ဟုစစ်ကောင်စီ က စည်းရုံးလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ကျုံးပတ်လည်နှင့် မြို့ပေါ် မြို့နယ် ၆ ခုတွင် ရေကစားမဏ္ဍပ်များကိုအခွန်ပေးစရာမလိုဘဲ နေရာကို ဦးရာလူစနစ်နှင့် ခွင့်ပြုမည်ဟု မန္တလေးစည်ပင်က ကြေညာထားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးရှို့၊ လူသတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီက တိုင်းပြည်ပုံမှန်အခြေအနေသို့ ရောက်ရှိနေသည့် ပုံစံပြသနိုင်ရန် သင်္ကြန်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

ယခင်နှစ်များကတော့ ရန်ကုန်၊ မန္တလေးအပါအဝင် စစ်ကောင်စီစစ်ရုံးချုပ် အခြေစိုက်ရာနေပြည်တော်မှာပါ အများစုဖြစ်သည့်ပြည်သူလူထု ဟာ ရေမကစားဘဲ တော်လှန်သင်္ကြန်အဖြစ် ပါဝင်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။