Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည် ဆိုးရွားပျက်စီးနေဟု ကုလအထူးကိုယ်စားလှယ်ပြော

အစီရင်ခံစာ အဆုံးသတ်၌ Noeleen Heyzer က မြန်မာနိုင်ငံတွင် ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် မသေချာမှုများ ရှိနေသည့်တိုင် နိုင်ငံအတွင်း မကြုံစဖူး စည်းလုံးညီညွတ်မှုများ ရှိနေကြောင်း ပြောသည်။

(ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မြန်မာပြည်အရေးပြောကြားနေစဉ်။ ဓာတ်ပုံ - UN)
(ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မြန်မာပြည်အရေးပြောကြားနေစဉ်။ ဓာတ်ပုံ - UN)

▪️ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် မသေချာမှုများရှိနေသည့်တိုင် နိုင်ငံအတွင်း မကြုံစဖူး စည်းလုံးညီညွတ်မှုများရှိနေဟုဆို

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၃ နှစ်ကာလသို့ရောက်ရှိလာချိန်တွင် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် နိုင်ငံနှင့် ပြည်သူများအပေါ် သက်ရောက်မှုမှာ ဆိုးရွားပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Noeleen Heyzer သည် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို မတ်လ ၁၆ ရက်တွင် အထွေထွေညီလာခံမှတဆင့် ရှင်းလင်းအစီရင်ခံခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် အရေးပေါ်ကာလ သက်တမ်းတိုးခဲ့ပြီး လေကြောင်းဗုံးကြဲခြင်း၊ အရပ်သားနေအိမ်များကို မီးရှို့ခြင်းအပါအဝင် အင်အားသုံးမှု ပိုမိုအရှိန်မြှင့်လာကြောင်း အထူးကိုယ်စားလှယ်က ပြောသည်။ စစ်တပ်သည် အာဏာကို ဆက်လက်ကိုင်ထားနိုင်ရန် အခြား ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်လာသည်ဟု ကုလအဖွဲ့ဝင်နိုင်ငံများကို Noeleen Heyzer က အစီရင်ခံသည်။

(ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မြန်မာပြည်အရေးပြောကြားနေစဉ်။ ဓာတ်ပုံ - UN)
(ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မြန်မာပြည်အရေးပြောကြားနေစဉ်။ ဓာတ်ပုံ – UN)

“ဒီတစ်ပတ်အတွင်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း ဘုန်းတော်ကြီးကျောင်းမှာ စစ်တပ်က အရပ်သားပြည်သူ ၂၈ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အစီရင်ခံမှုတွေကို ကျွန်မတို့ ရရှိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်တပ်သည် မြို့နယ်ပေါင်း ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာထားပြီး စစ်တပ်သြဇာခံဟု မှတ်ယူရမည့်သူများကို သေနတ်ကိုင်ဆောင်ခွင့်ပြုခြင်းအကြောင်းကိုလည်း ကုလအထူးကိုယ်စားလှယ်က ထည့်သွင်းပြောကြားသည်။

နိုင်ငံတဝန်း လူမဆန်သည့် ဖိနှိပ်မှုများ ရှိနေသည့်တိုင် ဖြစ်နိုင်သမျှသော နည်းလမ်းပေါင်းစုံဖြင့် ကျယ်ပြန့် ထင်ရှားသော စစ်အာဏာရှင်စနစ် ခုခံတော်လှန်မှုများမှာ ဆက်လက်ရှိနေကြောင်း ဆက်ပြောသည်။

“သိပ်မကြာသေးခင် လွတ်လပ်ပွင့်လင်းခဲ့တာကို ခံစားရရှိခဲ့တဲ့ မျိုးဆက်သစ် အထူးသဖြင့် လူငယ်တွေဟာ အခုအချိန်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ကာလရှည် ခက်ခဲမှု၊ ရွေးချယ်စရာမရှိတဲ့ ခံစားချက်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ (လူငယ်တွေဟာ) စစ်အုပ်ချုပ်ရေးကို လက်မခံဘဲ တိုက်ခိုက်ဖို့ လက်နက်ကိုင်နေကြပါပြီ” ဟု Noeleen Heyzer ကုလအထွေထွေညီလာခံသို့ ပြောသည်။

ကုလအထူးကိုယ်စားလှယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်တပ် တပ်ဖွဲ့ဝင်များ၏ လူမဆန်မှုများကို ဆက်လက်ထောက်ပြနေသည့်အကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုယ်တိုင် လူမဆန်သည့်အပြုအမှုများ မလုပ်ဆောင်ရန် သတိပေးသည့်အကြောင်းကိုလည်း ထည့်သွင်းပြောကြားသည်။

စစ်တပ်နှင့် အတိုက်အခံ နှစ်ဖက်စလုံးသည် အင်အားသုံးတိုက်ခိုက်ခြင်းအပေါ် ဦးတည်နေပြီး စေ့စပ်ညှိနှိုင်းရေးအတွက် အလားအလာမရှိကြောင်း ကုလအထူးကိုယ်စားလှယ်က ပြောသည်။

အစီရင်ခံစာ အဆုံးသတ်၌ Noeleen Heyzer က မြန်မာနိုင်ငံတွင် ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် မသေချာမှုများ ရှိနေသည့်တိုင် နိုင်ငံအတွင်း မကြုံစဖူး စည်းလုံးညီညွတ်မှုများ ရှိနေကြောင်း ပြောသည်။

“ဒီအထွေထွေညီလာခံက အားလုံးအတွက် ငြိမ်းချမ်းသော၊ မျှတပြီး ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ထောင်ဖို့ ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကူညီထောက်ပံ့ဖို့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိမ့်မယ်လို့ ကျွန်မ နားလည်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ဇူလိုင်-၂၄၊၂၀၂၆။People’s Spring ဒီ​နေ့ဟာ စစ်တပ်အာဏာသိမ်းတာ ရက်​ပေါင်း ၂၀၀၀ တိတိပြည့်တဲ့​နေ့ပါ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ရင်ဆိုင်ခဲ့ရ​ပေမယ့် ​အရပ်သားအစိုးရဦး​ဆောင်မှုနဲ့ ကပ်​​ရောဂါကိုအ​ကောင်းဆုံးရင်ဆိုင်ပြီး ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထူ​ထောင်​ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး​ရေး​တွေကို အရှိန်အဟုန်းနဲ့ လုပ်ဖို့ ပြင်ဆင်ထားချိန်မှာပဲ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက...

သတင်း

စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။