Connect with us

Hi, what are you looking for?

သတင်း

သာကေတရဲစခန်းအနီးပစ်ခတ်မှု နယ်ထိန်းရဲအပါ အဝင် နှစ်ဦးသေ

သေဆုံးသည့် နယ်ထိန်းစောလေးဖောမှာ သာကေတမြို့နယ်တွင် ပြည်သူများအပေါ် အနိုင်ကျင့်ပြုမှု၍ နာမည်ဆိုးဖြင့်သတင်းထွက်နေသူဟု ဒေသခံများက ပြောသည်။

(ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီလက်ပါးစေများ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - CJ)
(ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီလက်ပါးစေများ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့၊ သာကေတမြို့နယ် ရဲစခန်းအနီး ပစ်ခတ်မှုတွင် နယ်ထိန်းရဲအပါအဝင် နှစ်ဦးသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၁၇ရက်) နေ့လည် ၁၂ နာရီခန့်က (ဏ)ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ မိတ္တူဆိုင်အတွင်း၌ ရဲနှစ်ဦးအား ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းဟု ဆိုသည်။

“နယ်ထိန်းစောလေးဖောကတော့ နေရာတင်သေ တယ် ပြောတယ်။ထိတဲ့နှစ်ယောက်မှာ တစ်ယောက်က ရဲ။သူလည်း ဒဏ်ရာပြင်းတယ်။နောက်သေတဲ့ အရပ်ဝတ်ကတော့ ဘယ်သူမှန်သေးချာမသိရသေးဘူး”ဟု သာကေတ မြို့နေသူတစ်ဦးက ပြောသည်။

သေဆုံးသည့် နယ်ထိန်းစောလေးဖောမှာ သာကေတမြို့နယ်တွင် ပြည်သူများအပေါ် အနိုင်ကျင့်ပြုမှု၍ နာမည်ဆိုးဖြင့်သတင်းထွက်နေသူဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သို့သော် အခြားဒေသခံတစ်ဦးကမှု ဒဏ်ရာရပြီး သေဆုံးသူမှာလည်း ရဲတစ်ဦးပင်ဖြစ်ကြောင်း လူထုနွေဦးသို့ ပြောဆိုသည်။ သို့သော် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိတွင် သာကေတမြို့နယ်အတွင်း လမ်းများ ပ်ိတ်ဆို့စစ်နေပြီး စစ်ကောင်စီက ကင်းလှည့်ယာဥ် အများအပြားအသုံးပြုနေကြောင်းလည်း သီး ခြားဒေသခံ တစ်ဦးက ဆိုသည်။

“ဧရာဝဏ်လမ်းပေါ်မှာတင် DC သုံးစီးလောက် ဖြတ်နေတာ။သာကေတ အဝိုင်းနဲ့ ကမာကြည်တံတားဘက် တွေမှာလည်း စခ(စစ်ကောင်စီ)တွေ ပိတ်ပြီး စစ်နေတယ်လို့သိရတယ်”ဟု ၎င်းက ပြောသည်။

ယခု ပစ်ခတ်မှုဖြစ်စဥ်ကို မည်သည့်အဖွဲ့က လုပ် ဆောင်ခဲ့ကြောင်း မသိရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုကြောင့် အသေအပျောက်ဟာ သေနတ်သမား အပါအဝင် ၁၁ ဦးထိ တိုးပွားလာခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမား အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။