Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တွင် စစ်ကောင်စီ ဘီလူးစစ်ကြောင်းအား ‌PDFများက ကိုယ်တိုင်ထုတ်ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်

စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း တိုက်ခိုက်ရေးဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSPDF)
(စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSPDF)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၌ စစ်ကောင်စီစစ်ကြောင်းအား ကိုယ်တိုင်ထုတ် ရော့ကတ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄) – MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၁၈ ရက် မွန်းလွဲ ၁၂နာရီခွဲခန့်က မြောင်မြို့နယ်၊ သာဂေါင်ရွာနှင့် မင်းလှကျေးရွာများသို့ ဝင်ရောက်နေသော စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းအား စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF နှင့် မဟာမိတ်များမှ Air Bomb သုံးလုံးချ တိုက်ခိုက်ခဲ့ကြောင်း MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် MSPDFအဖွဲ့ကိုယ်တိုင်ထုတ် ‌ရောကတ် ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနှစ်ခုတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း တိုက်ခိုက်ရေးဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အရင်ဘီလူးစစ်ကြောင်းပါပဲ။ အရင်အင်အားက ၁၃၀ခန့်ရှိတာ။ အခု ၁၀၀ခန့်ပဲ ရှိမယ်။ သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို စက်လှေတွေနဲ့ ပို့လိုက်လို့ပါ။ ဒရုန်းဆုံးရှုံးတာက လွှတ်တဲ့အချိန် အပင်နဲ့ငြိပြီး ပေါက်ကွဲသွားတာ။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးများတွင် စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)-MSPDFနှင့်CDSOMအနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ – 001၊ အညာသားပြောက်ကျားတပ်ဖွဲ့၊ Phoenix ပြောက်ကျားတပ်ဖွဲ့၊ CHU PDF၊ MinGin Guerilla Force (MGF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ယင်းစစ်ကြောင်းသည် မြင်းမူနယ်၊ တာတိုင်ကျေးရွာတွင် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဒေသတွင်း PDFများက ဘီလူးစစ်ကြောင်းဟု အမည်ပေးထားသည်။

မတ်လ ၁၆ရက်ရက် မွန်းလွဲပိုင်းကလည်း မြောင်မြို့နယ်၊ ပေါက်ချောင်းရွာ သရက်ခြံထဲသို့ ရောက်ရှိနေသော ထိုစစ်ကောင်စီစစ်ကြောင်းအား ညီနောင်မဟာမိတ်အဖွဲ့များက အီနာဂါဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိ​ခိုက်သေဆုံးမှုများပြားခဲ့သည်။

(စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MSPDF)

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။