Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုရှိ တပ်မ(၄၄)ဌာနချုပ်နှင့် တပ်မမှူးနေအိမ်ကို KNLA ပူးပေါင်းတပ် ဒရုန်းဖြင့် တိုက်ခိုက်

“ဒီမနက် ၁၀နာရီမှာ။ တပ်မ(၄၄)ဌာနချုပ်ကိုလည်း ဒရုန်းနဲ့ ပစ်တယ်။ တပ်မ(၄၄)ရဲ့ တပ်မမှူးအိမ်ကိုလည်း ဒရုန်းနဲ့ပစ်တယ်။ထိခိုက်မှုကတော့ လောလောဆယ်ဆယ်တော့ ဘာမှမသိရသေးဘူး”ဟု KNLA တပ်မှူးက ပြောသည်။

(တပ်မ (၄၄)ဌာနချုပ်ဝင်းအတွင်းနှင့် တပ်မမှူးနေအိမ် ဒရုန်းဖြင့် တိုက်ခိုက်ရန် ရဲဘော်များ ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - TPDF)
(တပ်မ (၄၄)ဌာနချုပ်ဝင်းအတွင်းနှင့် တပ်မမှူးနေအိမ် ဒရုန်းဖြင့် တိုက်ခိုက်ရန် ရဲဘော်များ ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - TPDF)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့ရှိ စစ်ကောင်စီ၏ တပ်မ (၄၄)ဌာနချုပ်ဝင်းအတွင်းနှင့် တပ်မမှူးနေအိမ်တို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးက ပြောသည်။

“ဒီမနက် ၁၀နာရီမှာ။ တပ်မ(၄၄)ဌာနချုပ်ကိုလည်း ဒရုန်းနဲ့ ပစ်တယ်။ တပ်မ(၄၄)ရဲ့ တပ်မမှူးအိမ်ကိုလည်း ဒရုန်းနဲ့ပစ်တယ်။ထိခိုက်မှုကတော့ လောလောဆယ်ဆယ်တော့ ဘာမှမသိရသေးဘူး”ဟု KNLA တပ်မှူးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊PDF ၊KRF ပူးပေါင်းတပ်များနှင့် သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု(TPDF)တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြောင်း TPDF က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယနေ့နံနက် တပ်မမှူး နေအိမ်နှင့် တပ်မဌာနချုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ရာ ပူးပေါင်းတပ်များ အထိအခိုက်မရှိကြောင်းနှင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးကို စုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“မနေ့က သံတံတားဂိတ် တိုက်ခံရပြီးတော့ စစ်တပ်က လက်နက်ကြီးနဲ့ရမ်းပစ်တယ်။ပြည်သူနှစ်ဦးသေတယ်။ ၁၀ဦးဒဏ်ရာရတယ်။ပြီးတော့ ဒီနေ့လည်း လက်နက်ကြီးပစ်သံတွေ ကြားနေရတယ်”ဟု ကျိုက်ထို မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့ကလည်း ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ စစ်ကောင်စီ၏ သံတံတားဂိတ်မှာ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဉ်တန်းများ၊ စစ်တပ်ဝင်းများနှင့် ဝေးဝေးမှနေပေးကြရန်လည်း TPDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook