Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်၊ ဇီးကုန်းရွာအနီးတိုက်ပွဲ စစ်တပ်အထိနာ

စစ်ကောင်စီတပ်သည်ထီးချိုင့်နယ်ကိုမတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်​နေသည်။

(KIA နှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးစီကို​တွေ့ရစဥ်)
(KIA နှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးစီကို​တွေ့ရစဥ်)

ထီးချိုင့်မြို့နယ် ဇီးကုန်းရွာအနီးတိုက်ပွဲတွင်ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၃၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကို အထမ်းဖြင့် သယ်ထုတ်သွားကြောင်း ​​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ကသာ-ထီးချိုင့်လမ်း၊ ကျောက်မှော်အုပ်စု၊ ဇီးကုန်းရွာမှ ကြက်ခြံဝင်းတစ်ခုတွင် ဝင်ခိုနေသော စစ်ကောင်စီတပ်ကို ယမန်နေ့(မတ်လ ၂၀ရက်) နံနက် ၇နာရီ ခွဲခန့်တွင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(KIA နှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးစီကို​တွေ့ရစဥ်)
(KIA နှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးစီကို​တွေ့ရစဥ်)

“ဝင်းအောင်ရဲ့ ကြက်ခြံမှာကျွန်တော်တို့ ဝင်အုပ်တာ။ ဒဏ်ရာရတွေကို အထမ်း ၁၁ထမ်းနဲ့ သယ်သွားတယ်။ ၃၀လောက် ပြုတ်သွားတယ်” ဟု အထက်ပါရဲဘော်ကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

ဝင်းအောင်ဆိုသူသည် စစ်ကောင်စီစစ်ကြောင်းများ လာတိုင်း ၎င်း၏ ခြံတွင် လက်ခံထားလေ့ရှိသူဟု ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းအချို့မှဖြစ်ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ဘက်ကတော့ KIA တပ်ရင်း(၉) ဦးဆောင်မှုနဲ့ ချနေတာ။ စစ်ကြောင်းက အထမ်းတွေနဲ့ ဆက်ထွက်သွားတယ်”ဟုPDFတစ်ဦးကလည်းပြောသည်။

တိုက်ခိုက်ခံရသောစစ်ကြောင်းသည်ယနေ့(မတ်လ ၂၁ရက်)တွင် ကျောက်မှော်ကျေးရွာအနီး စိုးထက်ကျော်ထန်းတဲတွင် ရောက်ရှိနေကြောင်းဒေသခံများက​ပြောသည်။

ထိုစစ်​ကြောင်းသည်ကျောက်မှော်ရွာ ဒေသခံအမျိုးသားနှစ်ဦးနှင့်နန့်အင်းရွာမှ အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီတပ်သည်ထီးချိုင့်နယ်ကိုမတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်​နေသည်။

မတ်လ ၉ရက်က ထီးချိုင့်မြို့ ကျောက်မှော်ရွာ အနောက်ပိုင်းရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ကားနှင့်ဆိုင်ကယ်အချို့ ဆုံးရှုံးခဲ့ရ​သော်လည်းပြည်သူ့ကာကွယ်

ရေးတပ်ဖွဲ့ဝင်များ အချိန်မီ တိမ်းရှောင်နိုင်ခဲ့သည်။ အဆိုပါPDFစခန်းတစ်ခုကိုသိမ်းယူခံရပြီးနောက် အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျောက်‌မှော်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။