Connect with us

Hi, what are you looking for?

သတင်း

ထယ်ဘွေးစခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရပြီး ၆ ဦးထပ်သေ

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ – ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

(CDF မတူပီတပ်ဖွဲ့ဝင်တစ်ဦး စစ်​ရေး​လေ့ကျင့်​နေမှု။ ဓါတ်ပုံ-CDF)
(CDF မတူပီတပ်ဖွဲ့ဝင်တစ်ဦး စစ်​ရေး​လေ့ကျင့်​နေမှု။ ဓါတ်ပုံ-CDF)

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်ဖြင့် ခေါ်သွားပြီး၊ ယာဥ်တန်း​ရှေ့မတိုးနိုင်ဘဲ​နောက်ပြန်ဆုတ်သွား

ချင်းပြည်နယ် မတူပီ – ပလက်၀ လမ်းမပေါ်ရှိ စစ်ကောင်စီ ၏ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာနှင့် အင်အားပို့လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကိုချင်းကာကွယ်ရေတပ်(CDF)ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း မတူပီ CDFမှတာဝန်ရှိသူက​ပြောသည်။

မတူပီမြို့ ခလရ (၃၀၄)မှ အင်အား၈၀ခန့်ပါကား ၃စီးဖြင့်မတ်လ ၂၀ရက်က ထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို CDF တပ်ဖွဲ့များကမတ်လ ၂၂ရက် မနက်ပိုင်းက မတူပီ-ပလက်ဝလမ်း မိုင်တိုင်(၁၂) တွီးရှစ်ရွာအထွက်သင်္ချိုင်းကုန်းနှင့် ပန်တွီးလမ်းခွဲ၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မတ်လ ၂၀ ရက်ကနေထွက်လာတဲ့စကစကိုတိုက်ခိုက်ခဲ့ရာ ယနေ့ဆို ၃ရက်ရှိပါပြီ။မတ် ၂၂ ရက်နေ့မှာတော့ရန်သူမထင်ထားတဲ့ ပစ်ကွင်းနေရာမှာစောင့်ထားတာ၊မနက် ၆း၃၀ မှ ၈း၀၀ နာရီ အထိ တိုက်ကြတာ ရန်သူဘက် ၆ဦးသေပြီး အများအပြားဒဏ်ရာရကြပါတယ်။”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

မတ်၂၂ရက်နံနက် ၇နာရီခန့်မှ ၈နာရီအထိ မတူပီ-ပလက်ဝလမ်းပိုင် မိုင်တိုင် ၁၂ အနီးတွီးရှစ်ရွာအထွက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။စစ်တပ်က ၆ဦး သေဆုံးကာအများအပြားဒဏ်ရာရရှိခဲ့သဖြင့်မွန်းလွဲ ၂ နာရီတွင်စစ်တပ်က စစ်ကူ ၃၀ ခန့်ထပ်မံရောက်လာပြီးတိုက်ပွဲဖြစ်ပွားခဲ့သည်။ထို့အပြင်စစ်​ကောင်စီတပ်က ဒဏ်ရာရသူများကိုရဟတ်ယာဉ်ဖြင့်လာသွားသည်ဟုလည်းCDFမတူပီကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“မတူပီ စခန်းကနေ စစ်ကူ၃၀ ထပ်လာတယ်ပြီးတော့လေယာဥ်(ရဟတ်ယာဉ်) လဲလာတယ်။ လေယာဥ်နဲ့ပစ်တာတော့မရှိပေမဲ့ ဒဏ်ရာရသူတွေကို လာသယ်ကြတယ်။ ဒီနေ့(မတ် ၂၃) တိုက်ပွဲတော့ရှိမယ်။ ရန်သူဘက်ကနေလက်နက်ကြီး ရမ်းသမ်းပစ်တာတော့ ရှိတယ်၊”ဟုအထက်ပါ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့​ပြောသည်။

စစ်တပ်ယာဥ်တန်းမှာ CDFတပ်ဖွဲ့ဝင်များ၏တိုက်ခိုက်မှု​ကြောင့်ရှေ့မတိုးနိုင်ဘဲ တွီရှစ်ရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ – ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

တိုက်ပွဲ ပြင်းထန်နေ၍ ရန်သူဘက်မှ လေယာဉ်များ အသုံးပြုလာနိုင်​သောကြောင့်ပြည်သူများ အနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန်၊ ကတုတ်ကျင်းများ အသင့်ထားရှိရန်မတူပီ CDFကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။