Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ခြောက်ဦးသေဟုဆို၊ စစ်အုပ်စု ကျေးရွာများအား မီးရှို့ဖျက်ဆီး

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်သွားသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။

(တာဝါတိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်)
(တာဝါတိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန် သည်။

မတ်လ ၂၄ရက် နံနက်က အုတ်ဖိုမြို့နယ် ဂမုန်းဆည်အနီးရှိ တာဝါတိုင်ရွာအနီးတွင် အင်အား(၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ (ဗိုလ်မိုးကြိုးအဖွဲ့)က ဦးဆောင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သလို မိုင်းဖြင့်လည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ – Bago Region PDF က ယနေ့(မတ်လ ၂၅ရက်)သတင်းထုတ်ပြန်သည်။

“တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေသလို နေ့တိုင်းလည်း တိုက်လိုက်နေပါတယ်။ ထုတ်ပြန်ချက်တွေ စောင့်ကြည့်ပါ။ ဒေသခံပြည်သူတွေကို ကူညီပါ”ဟု အုတ်ဖိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော် တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲကို ဗိုလ်မိုးကြိုးအဖွဲ့နှင့်အတူပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ – ၅ ၊ တပ်စု – ၂ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်သွားသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။

အဆိုပါ ကျေးရွာဒေသခံများမှာ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခြင်း၊မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကူအဖြစ် ဝိုင်းကျေးရွာသို့ ‌နောက်ထပ် စစ်ကား(၂)စီးရောက်ရှိကာ တပ်ဆွဲထားပြီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။