Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ်ရှိ သားရိုးကုန်းရွာ စစ်အုပ်စုမီးရှို့၍ ရွာလုံးကျွတ်နီးပါးပြာကျပြီး ဘိုးဘွားခုနစ်ဦး မီးလောင်သေဆုံး

ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာမှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပြီး အင်အား ၈၀ခန့်က ဘုတလင်မြို့အတွင်းဝင်ရောက်ပြီး အင်အား ၅၀ခန့်က ဆုံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။

(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ သားရိုးကုန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ်နီးပါးပျက်စီးပြီး ​မသန်စွမ်းသူများအပါအဝင် အဘိုးအဘွား ခုနစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာမှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပြီး အင်အား ၈၀ခန့်က ဘုတလင်မြို့အတွင်းဝင်ရောက်ပြီး အင်အား ၅၀ခန့်က ဆုံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။

(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၃၀၀နီးပါး မီးလောင်ပျက်စီးခဲ့ပြီး သက်ကြီးရွယ်အို ဘိုးဘွား ခုနစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

မီးလောင်သေဆုံးသူများတွင် မျက်မမြင်အဘွားအို နှစ်ဦးနှင့် လေဖြတ်ထားသည့် အဘွားအို နှစ်ဦး အပါအဝင် အဘွားအို ငါးဦး၊ အဘိုးအို နှစ်ဦး စုစုပေါင်း ပါဝင်ကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ သားရိုးကုန်းရွာရောက်ပြီးမှ နောက်ပြန်ရှို့တာ။လူကြီးတွေက နေခဲ့မယ်ဘာမှမဖြစ်ဘူးပုန်းနေမယ်လို့လည်းပြောကြတယ်။ အဲလိုပုန်းရင်းဖြစ်သွားတာ။” ဟု Chindwin Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ကျွဲ၊နွား ၂၁ကောင် မီးလောင်သေဆုံးခဲ့ပြီး လယ်ယာသီးနှံများလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်း သည် ဘုတလင်မြို့နယ် ဇီးတောရွာ၌ တပ်စွဲထားသော စစ်ကြောင်းဖြစ်ပြီး မတ်လ ၂၄ ရက် နံနက်ပိုင်းက ဘုတလင်မြို့ဘက်သို့ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာစဥ် ကံသစ်ရွာနှင့် ညောင်ပင်ကန်ရွာကြား၌ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ဦးခေါင်းထိမှန်သွားသည်ဟု ဆိုသည်။

ထို့နောက် သားရိုးကုန်းရွာအရှေ့ဘက်အရောက် မိုင်းသုံးကွင်းအတွင်းဝင်လာ၍ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ရမ်းသမ်း၍ ပြန်ပစ်ခတ်ခဲ့ကြောင်း အထက်ပါတာဝန်ခံကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် တစ်မိုင်ခန့်သာလိုတော့သည့် ဘုတလင်မြို့သို့ဆက်မသွားနိုင်တော့ဘဲ သားရိုးကုန်းကျေးရွာသို့ ပြန်ဝင်သွားခဲ့ပြီး နောက်တစ်နေ့တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်။

(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

“ အဆုံးထိတိုက်နေမှာပဲ အခုလိုတွေလုပ်နေရင် ဒီထက်​ပြင်းတဲ့ပွဲတွေကိုလည်းဆက်လုပ်ဆောင်သွားမယ်။ ကူညီသူနည်းပေမယ့်ရှိသလောက်နဲ့ရအောင်တိုက်မယ်။” ဟု Chindwin Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကို Chindwin Brothers အဖွဲ့၊ ဗိုလ်ပွကြီးနှင့်အဖွဲ့၊ ဗိုလ်တိုက်မောင်းအဖွဲ့၊ တပင်ရွေထီး၊ Anonemous Herosနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်

သတင်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။