Connect with us

Hi, what are you looking for?

သတင်း

ကျောက်စိမ်းများသယ်လာသည့်စစ်ကောင်စီယာဉ်တန်းထီးချိုင့်အဝင် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သည် ကသာ-ထီးချိုင့်လမ်းပိုင်းကို ကင်းပုန်းများချထားပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထီးချိုင့်မြို့အဝင် ရင်ကွဲတောင်မှစောင့်၍ မတ်၂၅ ​နေခင်းပိုင်းတွင်မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(အင်း​တော်မြို့ ​ဘောလုံးကွင်းတွင်မတ်လ စစ်ကားများရပ်ထားသည်ကို အတ်လ​နောက်ဆုံးပါတ်က ​တွေ့ရစဥ်။ ဓါတ်ပုံ-IR)
(အင်း​တော်မြို့ ​ဘောလုံးကွင်းတွင်မတ်လ စစ်ကားများရပ်ထားသည်ကို အတ်လ​နောက်ဆုံးပါတ်က ​တွေ့ရစဥ်။ ဓါတ်ပုံ-IR)

စစ်ကိုင်းတိုင်း ကသာမြို့မှဆင်းလာသော ကျောက်စိမ်းများသယ်ဆောင်လာ‌သည့် စစ်ကောင်စီယာဉ်တန်းသည် ထီးချိုင့်မြို့အဝင် ရင်ကွဲတောင်၌ ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး ယာဉ်နှစ်စီးလမ်းဘေးထိုးကျသွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

“မိုင်းဆွဲတိုက်ခိုက်တာ နှစ်စီး တောင်စောင်းကိုထိုးကျသွားတယ်။ ဘက်ဟိုးတွေနဲ့ ပြန်လာသယ် သွားတယ်။ လူတွေလည်း သင်္ဂြုလ်သွားတယ်လို့ သတင်းရတယ်”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီယာဉ်တန်းတွင် ယာဉ်အစီးရေ ၄၀ ထက်မနည်းပါဝင်ပြီး ယမန်နေ့(မတ်လ ၂၅ရက်)နံနက်တွင် ကသာ-ထီးချိုင့်လမ်းအတိုင်း ထွက်ခွာလာခြင်း ဖြစ်သည်။ ယာဉ်ငါးစီးတွင် ကျောက်စိမ်းများသယ်ယူလာသည်ဟု သတင်းအတိအကျရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

စစ်ကောင်စီတပ်သည် ကသာ-ထီးချိုင့်လမ်းပိုင်းကို ကင်းပုန်းများချထားပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထီးချိုင့်မြို့အဝင် ရင်ကွဲတောင်မှစောင့်၍ မတ်၂၅ ​နေခင်းပိုင်းတွင်မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဉ်တန်းသည် ထီးချိုင့်မြို့ဘောလုံးကွင်းတွင် ရပ်နားထားပြီး သပိတ်ကျင်းမြို့သို့ ဆက်လက်ဆင်းနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

အထက်ပါ ယာဉ်တန်းသည် အင်းတော်နှင့် ကသာမြို့ကြားရှိနေစဉ် မတ်လ ၂၀ရက်နှင့် ၂၁ရက်က KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

နှစ်ရက်ဆက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်းသေဆုံးကြောင်း Indaw Revolution – IR က သတင်းထုတ်ပြန်ထားသည်။

ယခုပြန်ဆင်းလာသော ယာဉ်တန်းသည် ပြီးခဲ့သည့် မတ်လ ပထမလလယ်က သပိတ်ကျင်းမြို့နယ်မှ စတင်ထွက်ခွာလာကာ တကောင်း၊ ထီးချိုင့်၊ ကသာနှင့် အင်းတော်မြို့များကိုဖြတ်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ အင်အားတိုးခဲ့သည့် ယာဉ်တန်းဖြစ်သည်။

အဆိုပါယာဉ်တန်းကို သပိတ်ကျင်းနှင့် ထီးချိုင့်မြို့ကြား တကောင်းနယ်၊ထီးချိုင့်နှင့်ကသာကြား စသည့်နေရာတို့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအလွန်အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။