Connect with us

Hi, what are you looking for?

သတင်း

မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်စခန်းတစ်ခုအား KA နှင့်ပူးပေါင်းတပ် သိမ်းပိုက်

ကရင်နီတပ်မတော်အနေဖြင့် နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်ခြင်းအပြင် လက်နက်ခဲယမ်း ရိက္ခာပို့လာသည့် စစ်ကြောင်းများကိုလည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့သည်။

(မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)နှင့် ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KA)
(မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)နှင့် ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KA)

ကရင်နီပြည်နယ် မြန်မာ – ထိုင်းနယ်စပ် မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော်(KA) တပ်ရင်း(၅)က သတင်းထုတ်ပြန်သည်။

မတ်လ ၂၄ရက်က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိ​သေးပေ။

အဆိုပါ စစ်တပ်စခန်းသိမ်းပိုက်မှုနှင့်ပတ်သက်ပြီး ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့အား People’s Spring ကဆက်သွယ်မေးမြန်းရန်ကြိုးစား​နေ​သော်လည်း အဆက်အသွယ်မရသေးပေ။

(မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)နှင့် ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KA)
(မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)နှင့် ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KA)

အဆိုပါ နယ်စပ်မှတ်တိုင် BP-11 အနီး သံလွင်အရှေ့ခြမ်းရှိစစ်ကောင်စီ၏ ဟွေ့ဟိုင်းစခန်းကို မတ်လ ၁၆ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်နီတပ်က မတ်လ ၁၇ရက်တွင် အသိပေးထားခဲ့​သေးသည်။ ယင်းသိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ထံမှ RPG၊ (၆၀)မမ နှင့် လက်နက်ငယ်အချို့ ၊ ကျည်များ ဗုံးသီးများရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)နှင့် ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KA)
(မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)နှင့် ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KA)

ထိုစဉ်က စစ်ကောင်စီတပ်မှ အလောင်း ၃လောင်း တွေ့ရှိရပြီး ၆ဦးမှာ လက်နက်မဲ့ဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု KA တပ်ရင်း(၅)က ထုတ်ပြန်ခဲ့သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ KA ဘက်မှ ရဲဘော် ၃ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ကရင်နီတပ်မတော်အနေဖြင့် နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်ခြင်းအပြင် လက်နက်ခဲယမ်း ရိက္ခာပို့လာသည့် စစ်ကြောင်းများကိုလည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...