Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်း-ကရင်နီအစပ်တိုက်ပွဲများတွင်စစ်သား၆၀​ကျော်​သေဆုံး

ဒီး​မော့ဆိုမြို့နယ် အပါအဝင် ကရင်နီ ပြည်နယ်တွင်ဖြစ်ပွား​သောစစ်မျက်နှာ အားလုံးလိုလိုတွင် စစ်တပ်က​​သေဆုံး ဒဏ်ရာရသူ၊အဖမ်းခံရသူများ​နေပြီးအထိနာ​​နေသည်။

(ရှမ်း-ကရင်နီ အစပ်တိုက်ပွဲတွင်​သေဆုံးခဲ့ပြီး ​စောင်နီပတ်၍စွန့်ပစ်ခံခဲ့ရ​သောတပ်ကြပ်ကြီးမင်းခိုင် နှင့် စစ်တပ်မှသိမ်းဆည်းရရှိ​သောလက်နက်များ၊ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းအချို့ ။ ။ဓါတ်ပုံ-ဖယ်ခုံPDF၊ကရင်နီပြည်သူ့ရင်ပြင်)

▪︎စစ်တပ်ကအထိနာ​နေ၍​တောင်ကြီးရပခမှ စစ်ကားအစီး (၄၀ )ဝန်းကျင်စစ်ကူလွှတ်ဟုဆို

ရှမ်း-ကရင်နီ(ကယား)နယ်စပ်ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်တွင် နှစ်ပါတ်​ကျော်အတွင်းဖြစ်ပွား​သောတိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၆၀​ကျော်သေဆုံးခဲ့​ကြောင်းကရင်နီစစ်ဖက်သတင်းရင်းမြစ်များက​ပြောသည်။

ပင်​လောင်းမြို့နယ် ထီတစ်မောင်းတိုက်ပွဲမှာ မတ်လ ၁၀ ရက်မှ ၁၈ ရက်အထိ့ ၉ ရက်တိုင်ကြာခဲ့ပြီး စစ်​ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ်အဖွဲ့တို့ဘက်မှ ၄၅ ဦး​သေဆုံးခဲ့​ကြောင်းတိုက်ပွဲတွင်ပါဝင်ခဲ့​သောတပ်ဖွဲ့ဝင်အချို့က​ပြောသည်။ ထိုအပြင် လွယ်ဟွဲကျေးရွာထင်းရူးကုန်းတွင် မတ် ၂၅ ၊၂၆ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်​ကောင်စီတပ်ဘက်မှ၂၀ ဦးဝန်းကျင်​သေဆုံးခဲ့သည်။

“ကျနော်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ကတော့ တိုက်ပွဲနှစ်ခုပေါင်း ထိခိုက်ဒဏ်ရာရသူ၁၇ဦးမစိုးရိမ်ရနဲ့ ၃ဦးကတော့မြင့်မြတ်စွာကျဆုံးခဲ့ပါတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆက်​ပြောသည်။ ကျဆုံးခဲ့​သော ရဲ​ဘော် ၃ ဦးမှာ KNDF တပ်ရင်း ၁၁ မှ ရဲ​ဘော် ၂ ဦးနှင့် မိုးဗြဲ​PDFမှ၁ ဦးတို့ဖြစ်​ကြောင်းသိရသည်။

(ရှမ်း-ကရင်နီ အစပ်တိုက်ပွဲတွင်​သေဆုံးခဲ့ပြီး ​စောင်နီပတ်၍စွန့်ပစ်ခံခဲ့ရ​သောတပ်ကြပ်ကြီးမင်းခိုင် နှင့် စစ်တပ်မှသိမ်းဆည်းရရှိ​သောလက်နက်များ၊ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းအချို့ ။ ။ဓါတ်ပုံ-ဖယ်ခုံPDF၊ကရင်နီပြည်သူ့ရင်ပြင်)
(ရှမ်း-ကရင်နီ အစပ်တိုက်ပွဲတွင်​သေဆုံးခဲ့ပြီး ​စောင်နီပတ်၍စွန့်ပစ်ခံခဲ့ရ​သောတပ်ကြပ်ကြီးမင်းခိုင် နှင့် စစ်တပ်မှသိမ်းဆည်းရရှိ​သောလက်နက်များ၊ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းအချို့ ။ ။ဓါတ်ပုံ-ဖယ်ခုံPDF၊ကရင်နီပြည်သူ့ရင်ပြင်)

“ဆောင်းပြောင်၊တောင်မဲသင်း တိုက်ပွဲ ပြီးတော့ ထီတစ်မောင်းဘက်ဆိုတာ ပင်လောင်းထဲမှာပဲ ဆက်ဖြစ်တယ်။ပအိုဝ်းပြည်သူ့စစ် PNO လည်း စကစ နဲ့အတူ ပါဝင်နေတုန်းပဲ။အဲဒီ ထီတမောင်းဘက်မှာလည်း သူတို့ တော်တော်ကို သေတယ်”ဟု မိုးဗြဲ မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လည်းပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ကရင်နီ​ဒေသတွင် စစ်တပ်အထိနာ​နေမှုနှင့်ပတ်သပ်၍ ​သတင်း​ပေးပို့​သော​ဒေသခံတစ်ဦးက”စောင်နီလေးတထည်ဆိုတာတန်းမြင်တာပဲဗျ။ သူတို့နိမိတ်သူတို့ဖတ်တာ။ ပြည်သူက သူတို့ဝါဒဖြန့်တိုင်း ပြောင်းပြန်ယူတာချည်းဗျ။ ကျုပ်တို့ကတော့ လူသတ်မုဒိမ်းကောင်တွေ ကျဆုံးခန်းကို ဘယ်လိုသနားမလဲ။အားရနေတာသိရဲ့လား လို့ သာ ပြောလိုက်ချင်တာ “ဟုပြောသည်။အဆိုပါ​ဒေသခံက စစ်တပ်သည်တိုက်ပွဲတွင်​သေဆုံးခဲ့​သော တပ်ကြပ်ကြီးတစ်ဦးကို ​​စောင်နီဖြင့် ထုတ်၍ ပစ်ခဲ့​​သော ရုပ်အ​လောင်းပုံကိုကြည့်၍​ပြောခြင်းဖြစ်သည်။

(ရှမ်း-ကရင်နီ အစပ်တိုက်ပွဲတွင်​သေဆုံးခဲ့ပြီး ​စောင်နီပတ်၍စွန့်ပစ်ခံခဲ့ရ​သောတပ်ကြပ်ကြီးမင်းခိုင် နှင့် စစ်တပ်မှသိမ်းဆည်းရရှိ​သောလက်နက်များ၊ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းအချို့ ။ ။ဓါတ်ပုံ-ဖယ်ခုံPDF၊ကရင်နီပြည်သူ့ရင်ပြင်)
(ရှမ်း-ကရင်နီ အစပ်တိုက်ပွဲတွင်​သေဆုံးခဲ့ပြီး ​စောင်နီပတ်၍စွန့်ပစ်ခံခဲ့ရ​သောတပ်ကြပ်ကြီးမင်းခိုင် နှင့် စစ်တပ်မှသိမ်းဆည်းရရှိ​သောလက်နက်များ၊ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းအချို့ ။ ။ဓါတ်ပုံ-ဖယ်ခုံPDF၊ကရင်နီပြည်သူ့ရင်ပြင်)

ရှမ်း-ကရင်နီ နယ်စပ်တိုက်ပွဲဖြစ်ပွားပြီး​သေဆုံးခဲ့​သောအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ (နမ့်ဇန်) အခြေစိုက် ခလရ ၂၄၇ တပ်မှတပ်ကြပ်ကြီးမင်းခိုင်၏ ရုပ်အလောင်းကို စစ်​ကောင်စီတပ်က မတ် ၁၆ ရက်တွင် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်က စွန့်ပစ်ခဲ့၍ ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့များ ​ကောင်းမွန်စွာသဂြိုဟ်​ပေးခဲ့​ကြောင်းလည်း ကရင်နီ ပြည်သူ့ရင်ခွင်က ထုတ်ပြန်ထားသည်။

အခြားသတင်းတစ်ရပ်တွင် ကရင်နီပြည်နယ် တိုက်ပွဲများ၌ စစ်ကောင်စီပူးပေါင်းတပ် သေဆုံး ဒဏ်ရာရမှုများနေသည့်အတွက်တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)က တပ်ကူ အဖြစ် စစ် ကား ၄၀ စီးထက်မနည်းမှာရှမ်း-ကယား ပြည်နယ်အစပ်သို့ ဦးတည် ထွက်ခွာသွားသည်ဟု ​ဒေသခံသတင်းရင်းမြစ်များကပြောသည်။

“ဆောင်းပြောင်နယ်တစ်ဝိုက်အင်အားဖြည့်တင်းနိုင်ပါတယ်။PNO က ပါ စစ်ကောင်စီနဲ့အတူ ထက်ဝက်လောက်အင်အားဖြည့်ထားတယ်လို့ လောလောဆယ် သိရတယ်။အဲဓိကနေတဆင့် ထပ်ပြီး ထိုးစစ်ဆင်မယ်လို့ သုံးသပ်တယ်။ပထမ ထိုးလာတဲ့ တပ်တွေက သေတာနဲ့ ပြုတ်တာနဲ့ ဖမ်းခံရလို့ အခု ပို အင်အားဖြည့် ပြီး နောက်တစ်ကြိမ်လာတာလို့ပဲ ယေဘုယျ ပြောလို့ရတယ်”ဟု ​ဒေသခံ စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

(ရှမ်း-ကရင်နီ အစပ်တိုက်ပွဲတွင်​သေဆုံးခဲ့ပြီး ​စောင်နီပတ်၍စွန့်ပစ်ခံခဲ့ရ​သောတပ်ကြပ်ကြီးမင်းခိုင် နှင့် စစ်တပ်မှသိမ်းဆည်းရရှိ​သောလက်နက်များ၊ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းအချို့ ။ ။ဓါတ်ပုံ-ဖယ်ခုံPDF၊ကရင်နီပြည်သူ့ရင်ပြင်)
(ရှမ်း-ကရင်နီ အစပ်တိုက်ပွဲတွင်​သေဆုံးခဲ့ပြီး ​စောင်နီပတ်၍စွန့်ပစ်ခံခဲ့ရ​သောတပ်ကြပ်ကြီးမင်းခိုင် နှင့် စစ်တပ်မှသိမ်းဆည်းရရှိ​သောလက်နက်များ၊ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းအချို့ ။ ။ဓါတ်ပုံ-ဖယ်ခုံPDF၊ကရင်နီပြည်သူ့ရင်ပြင်)

ကရင်နီ(ကယား)ပြည်နယ် သို့ စစ်ကောင်စီက ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့ နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစု ပေါင်း စစ် ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင် နေသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာ တိုက်ပွဲ၌ ဖြစ်ပြီး တပ်ရင်းတစ်ခုလုံးအထိနာခဲ့သော စစ်ကောင်စီတပ်က ဂျက်လေယာဥ်ငါးစီးအထိ အသုံး ပြု စစ်ကူပေးခဲ့ရသည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ပင်လောင်းမြို့နယ်တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး နှင့် လုံးပျဉ် ကျေးရွာ တိုက်ပွဲများ၌ စစ် ကောင်စီ နှင့် PNO ဘက်မှ သေဆုံးသူ ၃၀ ထက်မနည်းရှိပြီး လက်နက်ခဲယမ်းများ ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိခဲ့သည်။

အလားတူ မတ်လ ၁၁ ရက်က ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအလောင်း ၁၉ လောင်း နှင့် အရှင် ခြောက်ဦးဖမ်းဆီးရမိကာ လက်နက်၊ခဲယမ်းအများ အပြားသိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

ဒီး​မော့ဆိုမြို့နယ် အပါအဝင် ကရင်နီ ပြည်နယ်တွင်ဖြစ်ပွား​သောစစ်မျက်နှာ အားလုံးလိုလိုတွင် စစ်တပ်က​​သေဆုံး ဒဏ်ရာရသူ၊အဖမ်းခံရသူများ​နေပြီးအထိနာ​​နေသည်။

အထိအနာဆုံးတိုက်ပွဲမှာ ဒီ​မော့ဆိုမြို့နယ် အ​ရှေ့ခြမ်းရှိ ​ဒေါတမာကြီးရွာတိုက်ပွဲတွင် စစ်တပ်မှ အရာရှိအပါအဝင် ၉၀ ​ကျော်​သေ ၊စစ်သုံ့ပန်း ၇ ဦးအဖမ်းခံရကာ ၅၀ ​ကျော်ဒဏ်ရာရခဲ့​သော ​မတ် ၂၀ မှ ၂၃ ရက်အထိ့ ​လေးရက်ကြာတိုက်ပွဲဖြစ်သည်။ထိုတိုက်ပွဲမှ ကရင်နတပ်ဖွဲ့များကလက်နက်မျိုးစုံ ၄၀ ​ကျော်နှင့် ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။