Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီပူးပေါင်းတပ် အသေအဆုံးများနေသည့် ရှမ်း-ကယား နယ်စပ်သို့ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ကူအဖြစ် စစ်ကား ၄၀ စီးထက်မနည်း ယမန်နေ့ကစ၍ ဖြည့်တင်းနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောထားသည်။

(ယနေ့ ပင်လောင်း မြို့နယ်တိုက်ပွဲ အတွင်းတွေ့ရသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - DMO Local PDF)
(ယနေ့ ပင်လောင်း မြို့နယ်တိုက်ပွဲ အတွင်းတွေ့ရသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - DMO Local PDF)

▪️မိုးဗြဲPDF မှ ရဲဘော်တစ်ဦးကျဆုံး၊ တော်လှန်ရေးရဲဘော်အချို့ ဒဏ်ရာရ

ရှမ်း – ကယား(ကရင်နီ)ပြည်နယ်အစပ် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ စစ်ကောင်စီတပ်သား သေဆုံးမှုများပြားကြောင်း ပြည်သူ့ကာကွယ်‌ရေးတပ်-ဒီးမော့ဆိုမြို့နယ် DMO -Local PDF က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၉ ရက်)က လုံးပြင်နှင့် တောင်မဲသင်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို DMO-Local PDF နှင့် တပ်ပေါင်းစုများတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ပွဲမှာ နံနက် ၁၁ နာရီခွဲမှ ညနေ ၆ ကျော်အထိ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိမှု၊သေဆုံးမှုများပြားပြီး ဂျက်ဖိုက်တာတိုက် လေယာဉ်ဖြင့် (၂၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(ယနေ့ ပင်လောင်း မြို့နယ်တိုက်ပွဲ အတွင်းတွေ့ရသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - DMO Local PDF)
(ယနေ့ ပင်လောင်း မြို့နယ်တိုက်ပွဲ အတွင်းတွေ့ရသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ – DMO Local PDF)

“ကျွန်တော်တို့ စကစ စခန်းတွေကို ဝင်စီးတာပါ။သူတို့ဘက်က အထိနာတော့ ပေါင် ၅၀၀ ဗုံးတွေတောင်သုံးတယ်။လေကြောင်းပစ်ကူများတာ​ကြောင့် ပြန်ဆုတ်ခဲ့တယ်။ မြေပြင်မှာ စစ်ကောင်စီတပ်သား အလောင်း ခုနှစ်လောင်းလောက်ကတော့ မျက်မြင်တွေ့ရှိထားခဲ့တယ်”ဟု ပင်လောင်း စစ်မျက်နှာပြင်၌ ရှိနေသည့် DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

တိုက်ပွဲအတွင်း DMO Local PDFမှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိပြီး မိတ်ဖက်တော်လှန်ရေးအင်အားစုအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

အလားတူ မိုးဗြဲ-PDF မှ ရဲဘော်တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။

ယနေ့တိုက်ပွဲမတိုင်မီ ယမန်နေ့က ပင်လောင်းမြို့နယ်အတွင်း ၁၅ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီပူးပေါင်းတပ် အသေအဆုံးများနေသည့် ရှမ်း-ကယား နယ်စပ်သို့ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ကူအဖြစ် စစ်ကား ၄၀ စီးထက်မနည်း ယမန်နေ့ကစ၍ ဖြည့်တင်းနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောထားသည်။

ထို့အပြင် ရှမ်း-ကယား နယ်စပ် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်၌ ယခုလ(မတ်လ ၁၀ ရက်မှ ၂၆ ရက်အထိ)အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၆၀ကျော်သေဆုံးကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။