Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်သို့ စစ်ကောင်စီ၏ဘီလူးစစ်ကြောင်း တကျော့ပြန်ဝင်ရောက်လာ

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီး မြောင်နယ်အတွင်းသို့ မတ်လ ၁၂ ရက်မှစတင်ကာ နှစ်ပတ်နီးပါး စစ်ကြောင်းထိုးခဲ့သည်။

(ဘီလူးစစ်ကြောင်းအား တိုက်ခိုက်နေသည့် ရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ဘီလူးစစ်ကြောင်းအား တိုက်ခိုက်နေသည့် ရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၁) အမှတ် – ၃ စခန်းစီးနင်းခံရပြီး ဒုရင်းမှူး ဗိုလ်ဆင်ရိုင်းကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း တကျော့ပြန်ဝင်ရောက် လာပြီး ယနေ့နံနက်ပိုင်းက PDFစခန်းတစ်ခုအား စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရင်းမှူးဗိုလ်ဆင်ရိုင်းကျဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၃၀ရက်) နံနက် ၈နာရီခန့်က မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာရှိ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၁) အမှတ် – ၃ စခန်းအား စစ်ကောင်စီစစ်ကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်အင်အားမပြည့်စုံသည့်ကြားက ခုခံတိုက်ခိုက်ရင်း ဒုရင်းမှူးဗိုလ်ဆင်ရိုင်း ကျဆုံးခဲ့ရကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၁)က ထုတ်ပြန်သည်။

မိသားစုနှင့်ထပ်တူဝမ်းနည်းရပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ယက္ခက အသိပေးသည်။

“အခုဘီလူးစစ်ကြောင်းက လက်ရှိ ဆွဲလဲအိုရွာထဲမှာပဲ။ ပြည်သူတွေတော့လက်ရှိဘာမှမလုပ်သေးဘူး။ ထွက်ပြေးတိမ်းရှောင်နေရတာတော့ရှိတယ်။ လက်ယက်မကနေထွက်လာတာ။အင်အားတော့သေချာမသိဘူး။”ဟု Myaung Special Defense Force တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီး မြောင်နယ်အတွင်းသို့ မတ်လ ၁၂ ရက်မှစတင်ကာ နှစ်ပတ်နီးပါး စစ်ကြောင်းထိုးခဲ့သည်။

Public Service Announcement

အဆိုပါ စစ်ကြောင်းအား ဒေသတွင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ မတ် ၁၅ရက်မှ ၁၉ရက်အထိ ၄ရက်ကြာ တိုက်ခိုက်ရာ စစ်ကြောင်းမှူးအပါအဝင် စုစုပေါင်း ၄၂ ဦး သေဆုံးခဲ့သည်။

မြောင်နယ်တွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းကြောင့် PDFစခန်းနှစ်ခု စီးနင်းမီးရှို့ခံရပြီး ရဲဘော် ခြောက်ဦးကျဆုံးကာ ဒေသခံ ပြည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ ထို့အပြင် ပြည်သူများ၏နေအိမ်အများအပြားလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ လက်ဝတ်လက်စားနှင့်အဖိုးတန်ပစ္စည်းများစွာ သိမ်းဆည်းခံခဲ့ရသည်။

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မတ်လ ၂၉ရက်နံနက်ပိုင်းက မြောင်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။