Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်နယ်သို့ စစ်ကောင်စီ၏ဘီလူးစစ်ကြောင်း တကျော့ပြန်ဝင်ရောက်လာ

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီး မြောင်နယ်အတွင်းသို့ မတ်လ ၁၂ ရက်မှစတင်ကာ နှစ်ပတ်နီးပါး စစ်ကြောင်းထိုးခဲ့သည်။

(ဘီလူးစစ်ကြောင်းအား တိုက်ခိုက်နေသည့် ရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ဘီလူးစစ်ကြောင်းအား တိုက်ခိုက်နေသည့် ရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၁) အမှတ် – ၃ စခန်းစီးနင်းခံရပြီး ဒုရင်းမှူး ဗိုလ်ဆင်ရိုင်းကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း တကျော့ပြန်ဝင်ရောက် လာပြီး ယနေ့နံနက်ပိုင်းက PDFစခန်းတစ်ခုအား စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရင်းမှူးဗိုလ်ဆင်ရိုင်းကျဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၃၀ရက်) နံနက် ၈နာရီခန့်က မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာရှိ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၁) အမှတ် – ၃ စခန်းအား စစ်ကောင်စီစစ်ကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်အင်အားမပြည့်စုံသည့်ကြားက ခုခံတိုက်ခိုက်ရင်း ဒုရင်းမှူးဗိုလ်ဆင်ရိုင်း ကျဆုံးခဲ့ရကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၁)က ထုတ်ပြန်သည်။

မိသားစုနှင့်ထပ်တူဝမ်းနည်းရပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ယက္ခက အသိပေးသည်။

“အခုဘီလူးစစ်ကြောင်းက လက်ရှိ ဆွဲလဲအိုရွာထဲမှာပဲ။ ပြည်သူတွေတော့လက်ရှိဘာမှမလုပ်သေးဘူး။ ထွက်ပြေးတိမ်းရှောင်နေရတာတော့ရှိတယ်။ လက်ယက်မကနေထွက်လာတာ။အင်အားတော့သေချာမသိဘူး။”ဟု Myaung Special Defense Force တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီး မြောင်နယ်အတွင်းသို့ မတ်လ ၁၂ ရက်မှစတင်ကာ နှစ်ပတ်နီးပါး စစ်ကြောင်းထိုးခဲ့သည်။

Public Service Announcement

အဆိုပါ စစ်ကြောင်းအား ဒေသတွင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ မတ် ၁၅ရက်မှ ၁၉ရက်အထိ ၄ရက်ကြာ တိုက်ခိုက်ရာ စစ်ကြောင်းမှူးအပါအဝင် စုစုပေါင်း ၄၂ ဦး သေဆုံးခဲ့သည်။

မြောင်နယ်တွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းကြောင့် PDFစခန်းနှစ်ခု စီးနင်းမီးရှို့ခံရပြီး ရဲဘော် ခြောက်ဦးကျဆုံးကာ ဒေသခံ ပြည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ ထို့အပြင် ပြည်သူများ၏နေအိမ်အများအပြားလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ လက်ဝတ်လက်စားနှင့်အဖိုးတန်ပစ္စည်းများစွာ သိမ်းဆည်းခံခဲ့ရသည်။

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မတ်လ ၂၉ရက်နံနက်ပိုင်းက မြောင်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။