Connect with us

Hi, what are you looking for?

သတင်း

သံလွင်မြစ်ဘေး မယ်ခါးထာ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံး

သံလွင်မြစ် ဘေး မှာ တည်ရှိပြီး စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီ စခန်းကို မတ်လ ၂၈ ရက် မနက်ပိုင်း ၅ နာရီဝန်းကျင် ကစတင်ပြီးတိုက်ခိုက်ရာ ၄၅ မိနစ်ကြာပြီးနောက် စခန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။

(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)
(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)

ထိုင်း − မြန်မာ နယ်စပ် သံလွင်မြစ်ကမ်းဘေးက စစ်ကောင်စီရဲ့ မယ်ခါးထာ အခြေစိုက်စခန်းကို တိုက်ခိုက်တဲ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးသွားတယ်လို့ KNU ဘက်က ဒီနေ့မှာအတည်ပြု လိုက်ပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရပြီး အဲဒီအထဲက ၅ ဦးဟာ သံလွင်မြစ်ကိုဖြတ်ကူးကာ ထိုင်းနိုင်ငံထဲ ဝင်ရောက်ထွက်ပြေးသွားတယ်လို့ KNU မူတြော်ခရိုင်သတင်းစဉ် ကဆိုပါတယ်။

Public Service Announcement
Public Service Announcement

သံလွင်မြစ် ဘေး မှာ တည်ရှိပြီး စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီ စခန်းကို မတ်လ ၂၈ ရက် မနက်ပိုင်း ၅ နာရီဝန်းကျင် ကစတင်ပြီးတိုက်ခိုက်ရာ ၄၅ မိနစ်ကြာပြီးနောက် စခန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက စိန်ပြောင်း၊ စက်သေနတ်၊ ပခုံးထမ်း အာပီဂျီအပါအဝင် ဆက်သွယ်ရေးစက်တွေ ၊ စကားပြောစက်တွေ သိမ်းဆည်းရမိတယ်လို့ KNU က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မယ်ခါးထာစခန်းဟာ ၁၉၉၅ ခုနှစ်က စစ်တပ်က သိမ်းယူထားပြီး ထိန်းချုပ်ထားတာဖြစ်ကာ နှစ်ပေါင်း ၂၈ နှစ်အကြာမှာ KNU ဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။