Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ်တွင် PDFများအား လော်စပီကာဖြင့်အော်စိန်ခေါ်သည့် ပျူရွာကို PDFအဖွဲ့ ၄၀ခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (မတ်လ ၃၀ရက်) နံနက် ၂နာရီဝန်းကျင်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာရှိ စစ်ကောင်စီတပ်သားနှင့်ပျူများကို ယင်းမာပင်-ဆားလင်းကြီးနယ်ရှိ လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့များက တာဝေးပစ် လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(လက်နက်ကြီးဖြင့်တိုက်ခိုက်နေသော SBTF ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - SBTF)
(လက်နက်ကြီးဖြင့်တိုက်ခိုက်နေသော SBTF ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - SBTF)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်(PDF)များအား လော်စပီကာဖြင့်အော် စိန်ခေါ်ခဲ့သည့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးတပ်စွဲရာ ဘန့်ဘွေးကျေးရွာအား PDFအဖွဲ့ပေါင်း ၄၀ခန့်က လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force-SBTF တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

ယမန်နေ့ (မတ်လ ၃၀ရက်) နံနက် ၂နာရီဝန်းကျင်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာရှိ စစ်ကောင်စီတပ်သားနှင့်ပျူများကို ယင်းမာပင်-ဆားလင်းကြီးနယ်ရှိ လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့များက တာဝေးပစ် လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူခေါင်းဆောင်မောင်ပိန်နှင့် စစ်ကောင်စီတပ်သည် အနိီးတဝိုက်ရှိ ကျေးရွာများအားဝင်ရောက်ကာ ဒေသခံပြည်သူများ​၏ ပစ္စည်းများအား ခိုးယူလုယက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများအား ဖမ်းဆီးအနိုင်ကျင့်သတ်ဖြတ်မှုများ ပြုလုပ်နေ၍ အဖွဲ့ပေါင်း ၄၀ ခန့်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း SBTF တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

“အဲ့ပျူရွာရဲ့ မျက်နှာပြင် နှစ်ဖက်ကို ဝိုင်းပြီး အလှည့်ကျပစ်ခတ်ကြတာ။ အလုံးပေါင်း၂၀၀ ကျော်မယ်။သူတို့နေအိမ်အဆောက်ဦးတွေ၊ ဘန်ကာတွေ ပျက်စီးမှုရှိပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနိုင်ပါတယ်။ “ဟု ရဲဘော်တံခွန်ကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဘက်ကလည်း ဒရုန်းများဝဲပြီး လက်နက်ကြီးငယ်များဖြင့် ပြန်ပစ်ခတ်ခဲ့သည်ဟု SBTFက ဆိုသည်။

“အရင်တစ်ခေါက်သွားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တုန်းက ကျွန်တော်တို့ဘက်က အင်အားနည်းပြီး နေ့ခင်းမှာဆိုတော့ အကပ်နည်းခဲ့တယ်။ အဲ့တုန်းက ပျူခေါင်းဆောင် မောင်ပိန်က မင်းတို့ထုတာမရောက်ဘူးကွ ထုအုံးလေ ဆိုပြီး မိုက်နဲ့အော်ခဲ့သေးတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ဘက်ကအင်အားများပြီး ညခင်းဆိုတော့ ရှေ့အနီးထိတိုးကပ်ပစ်ခတ်ခဲ့တာကြောင့် မောင်ပိန်တို့ဘက်က ရမ်းသမ်းပစ်ခတ်ရုံပဲရှိပြီး ခေါင်းတောင်မဖော်နိုင်လောက်ဘူး။”ဟု ရဲဘော်တံခွန်ကရှင်းပြသည်။

အဆိုပါ စစ်ဆင်ရေးကို Salingyi Border Task Force – SBTF (ပ.က.ဖ)နှင့် Fighter Brotherhood Guerrilla Army၊ BED ငညို ပြည်သူ့ကာကွယ်ရေးတပ်၊ မဲမှောင်ပျောက်ကြားတပ်၊ နယ်စည်းမခြားဇာမဏီပျောက်ကြားတပ်ဖွဲ့၊ ချင်းတွင်းညီနောင် ပြောက်ကြားတပ်ဖွဲ့ ၊ Arlarwaka ၊ Brother Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Golden Star Force နှင့်အတူ အခြားမဟာမိတ်များ ဖြစ်ကြသော Black Team ၊ ဝင်္ကပါ ၊ Yinmarbin Local Defence Force နှင့် Chindwin Revolutionary Fighters တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယင်းမာပင်မြို့နယ်တွင် ပျူရွာအချို့အား ဒေသတွင်း PDFများက မကြာခဏတိုက်ခိုက်နေ၍ မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်မှုများရှိလာကြာင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။