Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးသည် အုပ်စုအကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းဟု နားလည်ထားရန် ယာယီသမ္မတပြော

ယနေ့ (မတ်လ ၃၁ရက်)ကျရောက်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂)နှစ်ပြည့် အခမ်းအနားတွင် ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ရာအထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးသည် အုပ်စုအကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းဟု နားလည်ထားရန် ယာယီသမ္မတပြော
နွေဦးတော်လှန်ရေးသည် အုပ်စုအကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းဟု နားလည်ထားရန် ယာယီသမ္မတပြော

▪️ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေး မိစ္ဆာနှင်သည့် ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရမည်ဟု ပြော

နွေဦးတော်လှန်ရေးသည် လူထု၏လွတ်လပ်ခွင့်နှင့် အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာသည့် လူထုတော်လှန်ရေးကြီးဖြစ်ပြီး အုပ်စုအကျိုးစီးပွားများနှင့် ဖြစ်ပေါ်လာသည့် တော်လှန်ရေးမဟုတ်ကြောင်း ပြတ်သားစွာနားလည်ထားကြရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ (မတ်လ ၃၁ရက်)ကျရောက်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂)နှစ်ပြည့် အခမ်းအနားတွင် ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ရာအထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုရဲ့လွတ်လပ်ခွင့်အတွက်သာ ကျွန်တော်တို့ဟာ တိုက်ပွဲဝင်နေခြင်းဖြစ်ပါတယ်။ လူထုရဲ့အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အင်မတန် ကျယ်ပြန့်သော၊ အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အားလုံးပါဝင်ရေးမူကို ကိုင်စွဲသကဲ့သို့ စုပေါင်းခေါင်းဆောင်မှုစံနှုန်းကိုလည်း အခြေပြုထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေရာမှာ လက်တွေ့ကျကျ မလုပ်နိုင်တာတွေနဲ့ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲအကန့်အသတ်တွေရှိနေပါစေ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ စုဖွဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းဟာ အောင်မြင်မှု တစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေကို ဗဟိုပြုပြီး ခေါင်းဆောင်မှု ပြုကြရန်လည်း တိုက်တွန်းလိုက်သည်။

“ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံသော တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရပါလိမ့်မယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ တော်လှန်ရေးအင်အားစုအားလုံး သဘောညီထားတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခုဖြစ်သလို၊ အနာဂတ်နိုင်ငံတော်သစ်ရဲ့ လမ်းစဉ်မူဝါဒတွေဖြစ်ကြောင်း အတည်ပြု ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်”ဟု ယာယီသမ္မတက မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် နွေဦးတော်လှန်ရေးကာလအတွင်းမှာ ပေါ်ထွန်းလာခဲ့သည့် နိုင်ငံရေးပဋိညာဉ်တစ်ရပ်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည်လျှောက်လှမ်း ရာ၌ နိုင်ငံရေးလမ်းပြမြေပုံအဖြစ် တည်ရှိနေကြောင်း၊ ထိုနည်းတူစွာ လွတ်လပ်ပွင့်လင်း၍ တရားမျှတသော၊ တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်းကို စနစ်တကျ တည်ထောင်ရန် ရည်ညွှန်းထားသည့် အခြေခံမူအပေါင်းအစုလည်း ဖြစ်ကြောင်း ယာယီသမ္မတက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...