Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နှောကန်တိုက်ပွဲ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၂ဦး​သေ

စစ်ဖက်သတင်းရင်းမြစ်အချို့ကမူ ပုလဲမြို့နယ်တိုက်ပွဲတွင်​သေဆုံးသွားသူမှာ ဗိုလ်မှူးမင်းမြတ်သူ ဖြစ်​ကြောင်းအတည်ပြုသည်။

ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့
ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့

▪︎PDFများက​သေနက် ၂လက်နှင့် ဖုန်း၃လုံးသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PDF ကင်းပုန်းအားတွေ့၍ ဆင်းပစ်သည့် ဗိုလ်မှူးတစ်ဦးနှင့် တပ်သားတစ်ဦးကို ရွာနှစ်ရွာကြားတွင် တိုက်ခို​က်ရာ နှစ်ဦးလုံးသေဆုံးပြီး MA3 နှစ် လက် ရရှိခဲ့ကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

ယမန်နေ့ ဧပြီလ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာနှင့် နှောကန်ကျေးရွာကြားတွင် ဆိုင်ကယ်တစ်စီးဖြင့်လာသည့် စစ်ကောင်စီတပ်ကိုရဲခေါင်ပြောက်ကျားတပ်ဖွဲ့ဦး​ဆောင်​သောမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ နှင့် မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးနှင့်တပ်သား နှစ်ဦးလုံးသေဆုံးပြီး ရန်သူ့အလောင်း နှစ် လောင်းအား တိုက်ပွဲဖြစ်ပွားရာ နေရာတွင်ထားခဲ့ကာ MA3 နှစ်လတ် ရရှိခဲ့သည်။ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

(​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။ ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ )
(​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။ ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ )

“ဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်လာတာ။ မင်းတိုင်ပင်ကအထွက် နှောကန်ရွာအဝင်မှာ။ ကင်းပတ်ရင်းနဲ့ နှစ်ယောက်တည်းလာတာ။ ကျွန်တော်တို့ကလည်း ကင်းစောင့်ရင်းနဲ့ အတွင်းထဲကို ကပ်ရသလောက်ဝင်ပစ်မယ်ဆိုပြီးတော့ မဟာမိတ်တွေနဲ့ပေါင်းပြီးတော့ ကင်းချထားတဲ့အချိန် ကတ္တရာလမ်းရဲ့ဘေးဘယ်ညာမှာနှစ်ယောက်စီ ချထားတဲ့အချိန် သူတို့ကအဲ့ရဲဘော်တွေကိုတွေ့ပြီးတော့ ဆိုင်ကယ်ရပ်ပြီးဆင်းပစ်တာ။အဲဒီချိန်မှာ ပစ်ခတ်ခဲ့တာပါ။”ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ရိုးမရာဇာအဖွဲ့ စစ်ကြောင်းခေါင်းဆောင် တပ်ခွဲမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်သားတစ်ယောက်ကPDFယူနီဖောင်းဝတ်ထားပြီး အရာရှိမှာအနက်ဝမ်းဆက်ဝတ်ကာ စစ်ကောင်စီတပ်အသုံးအ​ဆောင်များပါရှိကြောင်းအထက်ပါ တပ်ခွဲမှူးက ဆက်ပြောသည်။

နှောကန်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးမင်းမြတ်သူနှင့် တပ်သားတစ်ဦး​သေဆုံးခဲ့ပြီး ​သေနက် ၂ လက်နှင့်ဖုန်း ၃ လုံးရရှိခဲ့​ကြောင်းပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း အတည်ပြုသည်။

ကင်းပုန်းဝပ်​နေ​သောPDF များကို ဆိုင်ကယ်စီးစစ်သား ၂ ​ယောက်က စတင်ပစ်ခတ်၍ ကင်းPDF များက ပစ်ခတ်၍ စစ်သားနှစ်ဦးစလုံး​သေဆုံးခဲ့ခြင်းဖြစ်​ကြောင်းယင်းမာပင်ခရိုင် တပ်ရင်း ၁၀ (ဒေါင်းနက်)တပ်ရင်း​ခေါင်း​ဆောင်ဆရာ​ဗေကလည်း​ပြောသည်။

(​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။ ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ )
(​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။ ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ )

သိမ်းယူရရှိခဲ့သော ဖုန်းသုံးလုံးကို နည်ပညာဖြင့် ဖွင့်စစ်ဆေးပြီး စစ်ကောင်စီတပ်၏ မြေပြင်လူ့အခွင့်အရေးချိူဖောက်မှုများကို ဖော်ထုတ်သွားရန်စီမံထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

ထိုစစ်ဆင်ရေးကို ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ (ဒေါင်းနက်)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ (ရိုးမရာဇာ)နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ပွဲခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်တာကာလအတွင်း ပုလဲမြို့နယ်တွင် ရန်သူ့လက်နက်သိမ်းပိုက်နိုင်သည့် ပထမဦးဆုံး တိုက်ပွဲဖြစ်ကြောင်း ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

“လူမှုကွန်ယက်ပေါ်မှာ ဗိုလ်မှူး မင်းမြတ်သူ ဆိုပြီး ပြောနေကြတာ တွေ့ပေမယ့် ဗိုလ်မှူး ဟုတ်မဟုတ် ဆိုတာကို ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ ကျနော်တို့ သိမ်းဆည်းရထားတဲ့ ဖုန်းနှစ်လုံးထဲက တလုံးမှာ မင်းမြတ်ဆိုပြီး နာမည်ရေးထားတာ တွေ့ပါတယ်”ဟုရဲခေါင်ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

(​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။ ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ )
(​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။ ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ )

စစ်ဖက်သတင်းရင်းမြစ်အချို့ကမူ ပုလဲမြို့နယ်တိုက်ပွဲတွင်​သေဆုံးသွားသူမှာ ဗိုလ်မှူးမင်းမြတ်သူ ဖြစ်​ကြောင်းအတည်ပြုသည်။

ထိုစစ်အုပ်စုသည် မုံရွာမြို့မှ ချင်းတွင်းမြစ်အနောက်ဖက်သို့ စစ်ကြောင်းထိုးလာသည့် စကခ (၄ )လက်အောက်ခံ ခမရ ၇၀၄ (ဖူးကြီး) စစ်ကြောင်းဖြစ်ပြီး ပုလဲနယ်အတွင်း ရွာစဥ်ပတ်မီးရှို့နေသူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုအပြင် ဧပြီ ၂ ရက်နံနက်ပိုင်းကလည်းပုလဲမြို့နယ်၊ကြောင်သန်းရွာဘက်မှ ထွက်ခွါလာသောအင်အား(၁၁၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ဇီးဖြူကုန်းပျူရွာမှ ပျူ‌စောထီးများနှင့်ပေါင်း၍ ငှက်ပျောတောရွာအား မွှေနှောက်ကာမင်းတိုင်ပင်ရွာသို့ဝင်လာစဥ် ယင်းမာပင်ခရိုင်တပ်ရင်း -၁၉(Pale Jokers PDF)က ပဒေသာမိုင်း (၈)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား (၅)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Pale Jokers PDFက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။