Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUဖာပွန်ခရိုင်၌ မတ်လအတွင်းတိုက်ပွဲ ၂၀၀ နီးပါးဖြစ်၊ စစ်ကောင်စီတပ် ၉၀ကျော်သေဟု ထုတ်ပြန်

မတ်လအတွင်း၌ စစ်ကောင်စီတပ်ဘက် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးဆံ(၁၆)လုံး ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ(၅) နယ်မြေအတွင်း၌ မတ်လအတွင်း တိုက်ပွဲပေါင်း ၁၉၀ ကြီမ်ဖြစ်ခဲ့ပြီး အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၂ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU၏လက်အောက်ရှိ၊ KNLA-အမှတ်(၅)တပ်မဟာ နယ်မြေ၌ KNLA-အမှတ်(၅)တပ်မဟာနှင့် အကြမ်းဖက်စစ်ကောင်စီအပါအဝင် ၎င်း၏လက်ပါးစေ BGF(နယ်ခြားစောင့်တပ်)အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က သေဆုံးသူများထဲ၌ တပ်ခွဲမှူးတစ်ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၄၅ဦး ရှိကြောင်း မြေပြင်နှင့် ကြေနန်းသတင်းအတည်ပြုချက်ကို ဖော်ပြသည်။

(စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

ထို့ပြင် စစ်ကောင်စီတပ်၏ စစ်သုံးမော်တော်ယာဥ် သုံးစီးနှင့် ဆိုင်ကယ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တပ်မဟာ(၅)ဘက်က လေးဦး ကျဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

မတ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်မှု ဖြစ်စဉ်လည်း ရှိခဲ့သည်။ စစ်ကောင်စီတပ်က ၂၈နှစ်ကြာနေရာယူထားသည့် မြန်မာ – ထိုင်းနယ်စပ် သံလွင်မြစ်ဘေးရှိ မယ်ခါးထာတပ်စခန်းကို KNLA ပူးပေါင်းတပ်က မတ်လ ၂၈ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်အကြာတွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၆ဦး သေဆုံးပြီး လက်နက် ၂၃ လက်နှင့် ကျည်ခဲယမ်းများ ရရှိခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

မတ်လအတွင်း၌ စစ်ကောင်စီတပ်ဘက် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးဆံ(၁၆)လုံး ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများ နေထိုင်ရာ နေရာ၌နှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့၍ ပြည်သူ တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ငါးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။