Connect with us

Hi, what are you looking for?

သတင်း

KNUဖာပွန်ခရိုင်၌ မတ်လအတွင်းတိုက်ပွဲ ၂၀၀ နီးပါးဖြစ်၊ စစ်ကောင်စီတပ် ၉၀ကျော်သေဟု ထုတ်ပြန်

မတ်လအတွင်း၌ စစ်ကောင်စီတပ်ဘက် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးဆံ(၁၆)လုံး ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ(၅) နယ်မြေအတွင်း၌ မတ်လအတွင်း တိုက်ပွဲပေါင်း ၁၉၀ ကြီမ်ဖြစ်ခဲ့ပြီး အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၂ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU၏လက်အောက်ရှိ၊ KNLA-အမှတ်(၅)တပ်မဟာ နယ်မြေ၌ KNLA-အမှတ်(၅)တပ်မဟာနှင့် အကြမ်းဖက်စစ်ကောင်စီအပါအဝင် ၎င်း၏လက်ပါးစေ BGF(နယ်ခြားစောင့်တပ်)အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က သေဆုံးသူများထဲ၌ တပ်ခွဲမှူးတစ်ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၄၅ဦး ရှိကြောင်း မြေပြင်နှင့် ကြေနန်းသတင်းအတည်ပြုချက်ကို ဖော်ပြသည်။

(စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

ထို့ပြင် စစ်ကောင်စီတပ်၏ စစ်သုံးမော်တော်ယာဥ် သုံးစီးနှင့် ဆိုင်ကယ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တပ်မဟာ(၅)ဘက်က လေးဦး ကျဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

မတ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီ၏ မယ်ခါးထာတပ်စခန်း သိမ်းပိုက်မှု ဖြစ်စဉ်လည်း ရှိခဲ့သည်။ စစ်ကောင်စီတပ်က ၂၈နှစ်ကြာနေရာယူထားသည့် မြန်မာ – ထိုင်းနယ်စပ် သံလွင်မြစ်ဘေးရှိ မယ်ခါးထာတပ်စခန်းကို KNLA ပူးပေါင်းတပ်က မတ်လ ၂၈ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်အကြာတွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၆ဦး သေဆုံးပြီး လက်နက် ၂၃ လက်နှင့် ကျည်ခဲယမ်းများ ရရှိခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

မတ်လအတွင်း၌ စစ်ကောင်စီတပ်ဘက် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးဆံ(၁၆)လုံး ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများ နေထိုင်ရာ နေရာ၌နှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့၍ ပြည်သူ တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ငါးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။