Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်ကြီးနားမှမုံရွာသို့ ခရီးသည်တင်ကားဖြင့်ပို့သော ရဲတပ်ဖွဲ့အသုံးအဆာင်နှင့်ယူနီ​ဖောင်းများကို PDF များသိမ်းဆည်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့သွားသည့် ခရီးသည်တင်ကားတစ်စီးကိုဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

(PDF များသိမ်းဆည်းခဲ့​သော စစ်​ကောင်စီရဲယူနီ​ဖောင်းနှင့် အသုံးအ​ဆောင်များ။ဓါတ်ပုံ-CJ)
(PDF များသိမ်းဆည်းခဲ့​သော စစ်​ကောင်စီရဲယူနီ​ဖောင်းနှင့် အသုံးအ​ဆောင်များ။ဓါတ်ပုံ-CJ)

မြစ်ကြီးနားမှ မုံရွာသို့ ခရီးသည်တင်ကားဖြင့်စစ်ကောင်စီရဲတပ်ဖွဲ့က လျှိဝှက်ပို့ဆောင်လိုက်သော ရဲတပ်ဖွဲ့ အသုံးအဆောင်များနှင့် ယူနီဖောင်းများကို ခင်ဦးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ် သိမ်းဆည်းနိုင်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့သွားသည့် ခရီးသည်တင်ကားတစ်စီးကိုဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ယူနီဖောင်းတွေရော ပိတ်စတွေရော ရာထူးအဆင့်တံဆိပ်တွေနဲ့ တွေ့ရတာပါ။အရွှေ့အပြောင်းလုပ်ပုံရတယ်။ကားရဲ့အောက်ထပ်ခန်းမှာမှ ဖွင့်ဖို့မလွယ်တဲ့ဘက်ခြမ်းမှာ ထားထားတာ” ဟု ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(PDF များသိမ်းဆည်းခဲ့​သော စစ်​ကောင်စီရဲယူနီ​ဖောင်းနှင့် အသုံးအ​ဆောင်များ။ဓါတ်ပုံ-CJ)
(PDF များသိမ်းဆည်းခဲ့​သော စစ်​ကောင်စီရဲယူနီ​ဖောင်းနှင့် အသုံးအ​ဆောင်များ။ဓါတ်ပုံ-CJ)

ခရီးသည်တစ်ဦးချင်းစီကို ခွင့်တောင်းစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာခြင်းမရှိဟုအတည်ပြုနိုင်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“ကားပေါ်က ခရီးသည်တွေ အကုန်လုံးကို ခွင့်တောင်းပြီးစစ်ဆေးတဲ့အခါခရီးသည်တွေထဲမှာ ဒီကောင်‌တွေ မပါဘူး။ ပစ္စည်းကြီးပဲ အပျောက်တင်ပေးလိုက်ပုံရပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ခံဝန်ထိုးပြီး ခရီးဆက်စေခဲ့သည်ဟု သိရသည်။

ခင်ဦးမြို့နယ်တွင်စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေသော်လည်းဒေသတွင်းနယ်မြေစိုးမိုးမှုပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ​နယ်​မြေအများစုကို စိုးမိုးထား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။