Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမှမုံရွာသို့ ခရီးသည်တင်ကားဖြင့်ပို့သော ရဲတပ်ဖွဲ့အသုံးအဆာင်နှင့်ယူနီ​ဖောင်းများကို PDF များသိမ်းဆည်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့သွားသည့် ခရီးသည်တင်ကားတစ်စီးကိုဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

(PDF များသိမ်းဆည်းခဲ့​သော စစ်​ကောင်စီရဲယူနီ​ဖောင်းနှင့် အသုံးအ​ဆောင်များ။ဓါတ်ပုံ-CJ)
(PDF များသိမ်းဆည်းခဲ့​သော စစ်​ကောင်စီရဲယူနီ​ဖောင်းနှင့် အသုံးအ​ဆောင်များ။ဓါတ်ပုံ-CJ)

မြစ်ကြီးနားမှ မုံရွာသို့ ခရီးသည်တင်ကားဖြင့်စစ်ကောင်စီရဲတပ်ဖွဲ့က လျှိဝှက်ပို့ဆောင်လိုက်သော ရဲတပ်ဖွဲ့ အသုံးအဆောင်များနှင့် ယူနီဖောင်းများကို ခင်ဦးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ် သိမ်းဆည်းနိုင်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့သွားသည့် ခရီးသည်တင်ကားတစ်စီးကိုဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ယူနီဖောင်းတွေရော ပိတ်စတွေရော ရာထူးအဆင့်တံဆိပ်တွေနဲ့ တွေ့ရတာပါ။အရွှေ့အပြောင်းလုပ်ပုံရတယ်။ကားရဲ့အောက်ထပ်ခန်းမှာမှ ဖွင့်ဖို့မလွယ်တဲ့ဘက်ခြမ်းမှာ ထားထားတာ” ဟု ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(PDF များသိမ်းဆည်းခဲ့​သော စစ်​ကောင်စီရဲယူနီ​ဖောင်းနှင့် အသုံးအ​ဆောင်များ။ဓါတ်ပုံ-CJ)
(PDF များသိမ်းဆည်းခဲ့​သော စစ်​ကောင်စီရဲယူနီ​ဖောင်းနှင့် အသုံးအ​ဆောင်များ။ဓါတ်ပုံ-CJ)

ခရီးသည်တစ်ဦးချင်းစီကို ခွင့်တောင်းစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာခြင်းမရှိဟုအတည်ပြုနိုင်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“ကားပေါ်က ခရီးသည်တွေ အကုန်လုံးကို ခွင့်တောင်းပြီးစစ်ဆေးတဲ့အခါခရီးသည်တွေထဲမှာ ဒီကောင်‌တွေ မပါဘူး။ ပစ္စည်းကြီးပဲ အပျောက်တင်ပေးလိုက်ပုံရပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ခံဝန်ထိုးပြီး ခရီးဆက်စေခဲ့သည်ဟု သိရသည်။

ခင်ဦးမြို့နယ်တွင်စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေသော်လည်းဒေသတွင်းနယ်မြေစိုးမိုးမှုပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ​နယ်​မြေအများစုကို စိုးမိုးထား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။