Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် (၂၅၇)တ​ပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

ယမန်နေ့ (ဧပြီ ၃ ရက်) ညနေ ၃နာရီခန့်က ရေစကြို (၂၅၇)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်ရင်းမြောက်ဘက်၊ သာစည်ရွာတောင်ပိုင်းရှိ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

(၂၀၂၁က ရန်ကုန်မြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA)
(၂၀၂၁က ရန်ကုန်မြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA)

▪︎​မအူရဲစခန်းဖြစ်စဥ်တွင်လည်း စစ်တပ်ကပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ၏ (၂၅၇)တပ်ရင်းက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲကာ ဒေသခံပြည်သူ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီ ၃ ရက်) ညနေ ၃နာရီခန့်က ရေစကြို (၂၅၇)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်ရင်းမြောက်ဘက်၊ သာစည်ရွာတောင်ပိုင်းရှိ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် (၂၇)နှစ်အရွယ် ကိုနေဇော်ဖြိုးဆိုသူ သေဆုံးခဲ့ကြောင်း နယ်ခံများက ပြောသည်။

အလားတူ ယမန်နေ့ (ဧပြီ ၃ရက်) နံနက်ပိုင်းကလည်း ရေစကြိုမြို့နယ်၊ မအူရဲစခန်း စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မအူရွာနေ အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စခန်းသိမ်းတဲ့နေရာကို ပစ်တက်တက်လာတာ။ တစ်ဦးဒဏ်ရာရတယ်။ နောက်ပြီး နောက်တစ်ရွာကူးတဲ့အချိန် လက်နက်ကြီးနဲ့ထုတာ ကလေးတစ်ယောက်ကို ထိသွားတာ။”ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း (၂၅၇)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကူတုတ်ရွာနေ သားအဖနှစ်ဦး၊ စည်သာရွာနေ မြေးအဖွားနှစ်ဦးနှင့် ရေစကြိုမြို့ပေါ်နေ ပြည်သူနှစ်ဦးသေဆုံးခဲ့ဖူးသည်။

ယမန်နေ့ နံနက်ပိုင်းက ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ဒေသတွင်း PDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ခုနစ်ဦးခန့်သေဆုံးပြီး စစ်ကူလာစစ်ကောင်စီတပ်ကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများပြားကြောင်း ရေစကြို(ပကဖ)အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။