Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် ဒုတပ်ရင်းမှူးဗိုလ်ဆင်ရိုင်းနှင့် ရဲဘော်နှစ်ဦးစျာပန ပြည်သူအများအပြားလိုက်ပါပို့ဆောင်

တိုက်ပွဲဝင် ရဲဘော်များ၊မဟာမိတ်တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများက လွမ်းသူပန်းခွေများကိုင်ဆောင်ရင်း စျာပနအခမ်းအနားသို ချီတက်ခဲ့ကြသည်။

(ရဲဘော် သုံးဦး၏ စျာပနအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CDSOM)
(ရဲဘော် သုံးဦး၏ စျာပနအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တိုက်ပွဲတွင် ကျဆုံးခဲ့သော ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနှင့် ရဲဘော်နှစ်ဦး၏ စျာပနအား ပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်က မြောင်နယ်တိုက်ပွဲအတွင်း ကျဆုံးခဲ့သော CDSOM တပ်ရင်းနှင့် စစ်ကိုင်းခရိုင်၊ အမှတ်(၁)တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနှင့် ရှေ့တန်းတွင် ကျဆုံးခဲ့ကြသည့် စစ်ကိုင်းခရိုင်အမှတ်(၁) တပ်ရင်းမှ ရဲဘော်မင်းမင်းသန့် နှင့် ရဲဘော် မြတ်မင်းချစ်တို့အတွက် အာဇာနည်သူရဲကောင်းဗိမ္မာန်နှင့် စျာပန ယနေ့ (ဧပြီ ၅ ရက်) ပြုလုပ်ခဲ့သည်။

တိုက်ပွဲဝင် ရဲဘော်များ၊မဟာမိတ်တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများက လွမ်းသူပန်းခွေများကိုင်ဆောင်ရင်း စျာပနအခမ်းအနားသို ချီတက်ခဲ့ကြသည်။

(ရဲဘော် သုံးဦး၏ စျာပနအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CDSOM)
(ရဲဘော် သုံးဦး၏ စျာပနအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ – CDSOM)

တော်လှန်ရေးကာလအတွင်း လူထုလွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ တိုက်ပွဲဝင်ရင်း အသက်စွန့်သွားခဲ့သည့် ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနှင့်ရဲဘော် နှစ်ဦး၏ မြင့်မြတ်သော ပေးဆပ်မှုအား ပြည်သူလူထုတစ်ရပ်လုံးနှင့် အတူ CDSOM အဖွဲ့သူ၊သားများက ထာဝရအောက်မေ့နေမည်ဖြစ်ကြောင်း CDSOM အဖွဲ့​က ရေးသားသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသူ ဗိုလ်ဆင်ရိုင်းနှင့်ပတ်သက်၍ CDSOM မှ ကိုနွေဦး(မြောင်)က “အသက်လုပြေးကြရတာချင်းအတူတူ လဲကျနေသူကို ပစ်မထားရက်လို့ လှည့်ပြန်ဆွဲခေါ်ရင်း ရဲဘော် ရဲဘက်စိတ်အပြည့်ရှိကြောင်းသက်သေပြခဲ့တဲ့မင်း ငါ့နှလုံးသားထဲမှာရိုက်သွင်းထားလိုက်ပါပြီ။ CDSOM လို့ပေါ်ပေါက်ပြီး မြောင်နယ်ရဲ့တော်လှန်ရေးအစကတည်းက ကျဆုံးချိန်ထိ လက်တွဲညီညီ သစ္စာရှိရှိနဲ့ တပည့်ပေါင်းများစွာမွေးထုတ်ပေးပြီး ခေါင်းဆောင်ကောင်းပီသစွာ ရွတ်ရွတ်ချွံချွံတိုက်ပွဲတွေဝင်ခဲ့တဲ့မင်း။ အဖွဲ့ရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ပိုင်ဆိုင်မှုတွေရောင်းချ ပေါင်နှံပြီး တော်လှန်ရေးအပေါ် အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့မင်း။ တာဝန်ကျေတာထက် ပိုလွန်းနေပါတယ်ကွာ။”ဟု အမှတ်တရ ရေးသားထားသည်။

(ရဲဘော် သုံးဦး၏ စျာပနအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CDSOM)
(ရဲဘော် သုံးဦး၏ စျာပနအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ – CDSOM)

ကျဆုံးသွားကြသည့် သူရဲကောင်းများသည် ”မြောင်မြို့နယ်ရဲ့အာဇာနည်များ” အဖြစ် မှတ်ကျောက်တင်သွားမည်ဖြစ်ကြောင်း၊ မပြီးဆုံးသေးသည့် နွေဦးတော်လှန်ရေးအား အောင်နိုင်ပြီး ပြည်သူ့လွတ်မြောက်ရေးရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ကတိသစ္စာပြုကြောင်း CDSOM အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။