Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ကြိုပင်​ကောက်မြို့နယ် ပြည်သူ့လွတ်​တော်အမတ်ကိုဖမ်းဆီး

ဦးဌေးမင်းသိန်း ဖမ်းဆီးခံရချိန်မှစ၍ ယနေ့ဧပြီ ၆ရက်​နေ့ခင်းပိုင်းအထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်းလည်း မြို့ခံအချို့ကပြောသည်။

( NLD ပါတီမှ ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်​တော်အမတ်ဦးဌေးမင်းသိန်း ။ဓါတ်ပုံ-NLD)
( NLD ပါတီမှ ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်​တော်အမတ်ဦးဌေးမင်းသိန်း ။ဓါတ်ပုံ-NLD)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD ) ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ် ဦးဌေးမင်းသိန်းကိုစစ်ကောင်စီတပ်က ဧပြီလ ၄ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ​ဒေသခံအချို့က ပြောသည်။

၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ကြို့ပင်ကောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်​နေရာ အနိုင်ရရှိထား​သော ဒီချုပ်အမတ် ဦးဌေးမင်းသိန်းကို ကြို့ပင်ကောက်မြို့နယ်၊စျေးချိုတောင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်က လာ​ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

” ကိုဌေးမင်းသိန်းကို ‌အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းသွားတာ။ နေ့လယ်ခင်းကြီး ဝင်ဖမ်းတာ။ စစ်ကြောရေးဝင်နေတယ်လို့ ကြားပါတယ်”ဟု ကြို့ပင်ကောက်မြို့နယ်၊စျေးချိုတောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဦး​ဌေးမင်းသိန်းသည် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းစက တိမ်းရှောင်နေခဲ့ပြီး လအနည်းငယ်အကြာတွင် နေအိမ်သို့ ပြန်လာ​နေစဥ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားနေသည့် ပဲခူးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ဦးဌေးမင်းသိန်း ဖမ်းဆီးခံရချိန်မှစ၍ ယနေ့ဧပြီ ၆ရက်​နေ့ခင်းပိုင်းအထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်းလည်း မြို့ခံအချို့ကပြောသည်။

စစ်အုပ်စုကနိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းပါတီဝင် ၁၂၃၅ ဦးကိုမတရားဖမ်းဆီးခဲ့ပြီး ၂၆ ဦးကို စစ်ကြောရေးစခန်းများနှင့် ထောင်တွင်း၌ စစ်​ကောင်စီကသတ်ဖြတ်ခဲ့သည်။ ထိုအပြင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ၂၀၂၃မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားပြီး ၄၇ ဦး၏ နေအိမ်များကိုလည်း ဖမ်းဝရမ်းကပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။