Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက ကြိုပင်​ကောက်မြို့နယ် ပြည်သူ့လွတ်​တော်အမတ်ကိုဖမ်းဆီး

ဦးဌေးမင်းသိန်း ဖမ်းဆီးခံရချိန်မှစ၍ ယနေ့ဧပြီ ၆ရက်​နေ့ခင်းပိုင်းအထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်းလည်း မြို့ခံအချို့ကပြောသည်။

( NLD ပါတီမှ ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်​တော်အမတ်ဦးဌေးမင်းသိန်း ။ဓါတ်ပုံ-NLD)
( NLD ပါတီမှ ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်​တော်အမတ်ဦးဌေးမင်းသိန်း ။ဓါတ်ပုံ-NLD)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD ) ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ် ဦးဌေးမင်းသိန်းကိုစစ်ကောင်စီတပ်က ဧပြီလ ၄ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ​ဒေသခံအချို့က ပြောသည်။

၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ကြို့ပင်ကောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်​နေရာ အနိုင်ရရှိထား​သော ဒီချုပ်အမတ် ဦးဌေးမင်းသိန်းကို ကြို့ပင်ကောက်မြို့နယ်၊စျေးချိုတောင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်က လာ​ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” ကိုဌေးမင်းသိန်းကို ‌အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းသွားတာ။ နေ့လယ်ခင်းကြီး ဝင်ဖမ်းတာ။ စစ်ကြောရေးဝင်နေတယ်လို့ ကြားပါတယ်”ဟု ကြို့ပင်ကောက်မြို့နယ်၊စျေးချိုတောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဦး​ဌေးမင်းသိန်းသည် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းစက တိမ်းရှောင်နေခဲ့ပြီး လအနည်းငယ်အကြာတွင် နေအိမ်သို့ ပြန်လာ​နေစဥ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားနေသည့် ပဲခူးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

ဦးဌေးမင်းသိန်း ဖမ်းဆီးခံရချိန်မှစ၍ ယနေ့ဧပြီ ၆ရက်​နေ့ခင်းပိုင်းအထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်းလည်း မြို့ခံအချို့ကပြောသည်။

စစ်အုပ်စုကနိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းပါတီဝင် ၁၂၃၅ ဦးကိုမတရားဖမ်းဆီးခဲ့ပြီး ၂၆ ဦးကို စစ်ကြောရေးစခန်းများနှင့် ထောင်တွင်း၌ စစ်​ကောင်စီကသတ်ဖြတ်ခဲ့သည်။ ထိုအပြင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ၂၀၂၃မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားပြီး ၄၇ ဦး၏ နေအိမ်များကိုလည်း ဖမ်းဝရမ်းကပ်ထားသည်။

Public Service Announcement

Public Service Announcement