Connect with us

Hi, what are you looking for?

သတင်း

မန္တလေး က NLD ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးဖြုတ်ချခံရ

ပါတီ ဆိုင်းဘုတ်ဖြုတ်ချတာတွေဟာ ချမ်းအေးသာစံမြို့နယ်မှာ ရှိတဲ့ NLD ပါတီ တိုင်းရုံး နဲ့ ပုသိမ်ကြီးမြို့နယ် က ပါတီရုံးတွေမှာဖြစ်ပွားခဲ့တာပါ။

ဧပြီလ ၃ ရက်ညပိုင်း NLD ပါတီ မန္တလေး တိုင်းရုံးအဆောက်အဦးမှာ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရပုံ
ဧပြီလ ၃ ရက်ညပိုင်း NLD ပါတီ မန္တလေး တိုင်းရုံးအဆောက်အဦးမှာ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရပုံ

မန္တလေးမြို့ပေါ် မှာရှိတဲ့ NLD ပါတီရုံး ဆိုင်းဘုတ်တွေ ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လူတစ်စုက လိုက်လံပြီး ဖျက်ဆီး ဖြုတ်ချတာတွေ လုပ်နေတယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

ပါတီ ဆိုင်းဘုတ်ဖြုတ်ချတာတွေဟာ ချမ်းအေးသာစံမြို့နယ်မှာ ရှိတဲ့ NLD ပါတီ တိုင်းရုံး နဲ့ ပုသိမ်ကြီးမြို့နယ် က ပါတီရုံးတွေမှာဖြစ်ပွားခဲ့တာပါ။

NLD ပါတီ ဆိုင်းဘုတ်ကို ဖျက်ဆီးဖြုတ်ချရာမှာ စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့အတူ အရပ်ဝတ်တွေပါ ပါလာကြတယ်လို့ ဒေသခံအချို့ က ပြောပြပါတယ်။

ချမ်းအေးသာစံမြို့နယ် ၊၆၂ လမ်းပေါ်မှာရှိတဲ့ NLD ပါတီ ရုံးဆိုင်းဘုတ်ဖြုတ်ချခံရတဲ့ ရုပ်သံဖိုင် ကို ဧပြီလ ၄ ရက်က စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်တွေမှာ စတင်ပျံနှံလာပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဲဒီရုပ်သံဖိုင်အရ ပါတီရုံးအပေါ်ထပ်မှာ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချပြီး မြေပြင်ပေါ် ပစ်ချလိုက်တာတွေ့ရပါတယ်။

မနေ့ ဧပြီလ ၅ ရက်ညပိုင်းမှာလည်း ပုသိမ်ကြီးမြို့နယ် NLD ပါတီရုံး ဝင်ရောက်ဖျက်ဆီးခံရသလို ပါတီဆိုင်းဘုတ်ပါ ဖြုတ်ချခံလိုက်ရတယ်လို့ NLD ပါတီဝင်အချို့ထံကသိရပါတယ်။

“ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်နေတော့ ရုံးတွေကိုလည်း မကြည့်နိုင်တော့ဘူး” လို့ အမည်မဖော်လိုတဲ့ NLD ပါတီ ဝင်တစ်ဦးကပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာဆိုရင် မန္တလေးက NLD ပါတီရုံးတွေ ဗုံးခွဲခံရတာတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။