Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စစ်ကောင်စီတပ်က PDFစခန်းတစ်ခုကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ်စီးနင်း

မြိုင်(ပကဖ) တပ်ရင်း-၁ တပ်ခွဲ-၂ သည် ယနေ့ (ဧပြီ ၆ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီး အင်အား ၆၀ကျော်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါ)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါ)

▪️စခန်းရှိ ယာဉ်နှစ်စီး မီးရှို့ပြီး ကျပ်သိန်း ၁၀၀ ကျော်ယူသွား၊ ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်(PDF)စခန်းတစ်ခုအား Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်စီးနင်းပြီး ယာဉ်နှစ်စီးမီးရှို့ကာ ကျပ်သိန်း ၁၀၀ ကျော် ယူဆောင်သွားကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

မြိုင်(ပကဖ) တပ်ရင်း-၁ တပ်ခွဲ-၂ သည် ယနေ့ (ဧပြီ ၆ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီး အင်အား ၆၀ကျော်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဒရုန်းဖြင့် ဗုံးသုံးလုံးပါ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွား​ကြောင်း ကိုလက်ယျာက ပြောသည်။

စစ်ကောင်စီတပ်သည် ညောင်ရွာကျေးရွာအနီးရှိ ကာကွယ်ရေးစခန်းတစ်ခုအား ညနေ ၃နာရီခွဲခန့်တွင် Mi-35ဖြင့် ပစ်ခတ်ခြင်း၊ Mi-17 နှစ်စီးဖြင့် ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်ခဲ့ပြီး စခန်းခွဲတစ်ခုရှိ ယာဉ်နှစ်စီးအား မီးရှို့ပြီး ကျပ်သိန်း ၁၀၀ ကျော်အား ယူဆောင်သွားကြောင်း ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု ကိုလက်ယျာက ဆိုသည်။

တွင်းမနှင့် ဝက်ပုတ်ရွာများရှိ စစ်အုပ်စုသည် အဆိုပါစစ်ကြောင်းကြိုရန် ကိုင်းတောမရွာဘက်မှ စက်မှု(၂)ဘက်သို့ ကင်းပုန်းချထားကြောင်း ဒေသခံတို့က ပြောသည်။

ထို့ကြောင့် မနက်ဖြန် (ဧပြီ ၇ ရက်) နံနက် ၆ နာရီမှစ၍ ဧပြီ ၃၀ ရက်အထိ မြိုင် – ကမ္မလမ်း ပိုင်းအား ယာဉ်၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာခြင်း မပြုရန်နှင့် စစ်ကောင်စီတပ်အားအရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ တစ်စုံတစ်ရာ မှားယွင်းမှုအား တာဝန်ယူဖြေရှုင်းသွားမည်မဟုတ်ကြောင်း မြိုင်(ပကဖ)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။