Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း အရပ်သားနှစ်ဦး သတ်ဖြတ်၊ နေအိမ် ၁၇၄လုံး မီးရှို့ဖျက်ဆီး

စစ်​ဘေးရှောင်ပြည်သူများသည် ယခုချိန်ထိ ကျေးရွာထဲသို့ ပြန်မဝင်နိုင်ဘဲ နီးစပ်ရာတောထဲ တဲတိုက်များတွင် နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

(အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်၌ တွေ့ရသည့် စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - GettyImage)
(အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်၌ တွေ့ရသည့် စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - GettyImage)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း အရပ်သားနှစ်ဦးသတ်ဖြတ်သွားကာ နေအိမ် ၁၇၄လုံးနှင့် စပါးတိုက်အများအပြားကို မီးရှို့ဖျက်ဆီးသွားကြောင်း​ဒေသခံများက​ပြောသည်။

ကန့်ဘလူမြို့နယ်မှ လျှော်ဖြူကုန်း၊ဉာဏ်အင်းနှင့် အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းများက ဧပြီ ၂ ရက်မှ ၄ရက်အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း ထုတ်ပြန်သည်။

“ဒီစစ်​ေ-းတွေက ပြည်သူကိုပြည်သူလို့ မြင်တာမဟုတ်ဘူး။ မဲမဲမြင်အကုန်ပစ်တာ။ အဒေါ်တို့ကတော့ အသက်မသေဖို့ အရေးကြီးတာပဲ အကုန်ပစ်ချပြေးခဲ့ရတာ” ဟု အင်းလယ်ကြီးရွာမှ စစ်ရှောင်ပြည်သူတစ်ဦးကလည်း ပြောသည်။

ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက လည်း”စစ်ကြောင်းက တောက်လျှောက်ထိုးနေတာ။အဆိုးဆုံးက ဆွံ့အနားမကြားတဲ့ အရပ်သားတွေကို သတ်သွားတာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် လျှော်ဖြူကုန်းရွာမှ နေအိမ် ၆၀၊ဉာဏ်အင်းရွာမှ နေအိမ် ၄၀နှင့် အင်းလယ်ကြီးရွာမှ အိမ် ၇၄လုံးကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

ကန့်ဘလူခရိုင်အတွင်းတွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီးနေ၍ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုချိန်ထိ ကျေးရွာထဲသို့ ပြန်မဝင်နိုင်ဘဲ နီးစပ်ရာတောထဲ တဲတိုက်များတွင် နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

အင်းလယ်ကြီးရွာကို နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး နေအိမ်များအပြင် စပါးတိုက်အများအပြားပါ ဖျက်ဆီးသွားကြောင်း၊ ဆွံ့အနားမကြားသည့် အရပ်သားပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။ တစ်ဦး၏ ရုပ်အလောင်းကို မီးရှို့သွားသည်ဟု ဆိုသည်။

လက်ရှိတွင် ကန့်ဘလူမြို့နယ်အတွင် စစ်ကောင်စီးစစ်ကြောင်း သုံးကြောင်းရှိနေပြီး ကျေးရွာဆယ်ရွာထက်မနည်းမှ အရပ်သားပြည်သူ သုံးသောင်းကျော်သည် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်​ဘေးရှောင်ပြည်သူများသည် ယခုချိန်ထိ ကျေးရွာထဲသို့ ပြန်မဝင်နိုင်ဘဲ နီးစပ်ရာတောထဲ တဲတိုက်များတွင် နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။