Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက မင်းတပ်နှင့်​ယောနယ်စပ်တွင် ညသန်း​ခေါင်​အချိန် တိုက်​လေယာဥ် ၂ စင်းဖြင့်ဗုံးကျဲ

ဆောမြိုနယ်နှင့် ထီလင်းနယ်ဘက်က တက်လာ​သော အင်အား ၈၀ ​ကျော်ပါစစ်​ကောင်စီတပ်စစ်​ကြောင်းသည် မင်းတပ်မြို့နယ်အတွင်း တစ်မိုင်ခန့်​ရောက်လာချိန်တွင်တိုက်ပွဲဖြစ်ပွား​ကြောင်း CDF-မင်းတပ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

(စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှုတွင်အဓိက အများဆုံးအသုံးပြု​သော ရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှုတွင်အဓိက အများဆုံးအသုံးပြု​သော ရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎ချင်းနှင့်မ​ကွေးနယ်စပ်တွင် မနက်ပိုင်းကတည်းကတိုက်ပွဲဖြစ်ပွား​နေ

စစ်​ကောင်စီတပ်က မ​ကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ကို ယ​နေ့ ညသန်း​ခေါင်း ဝန်းကျင်တွင် တိုက်​လေယာဥ်၂ စီးဖြင့်ဗုံးလာကျဲ​ကြောင်း ​ဒေသခံအချို့က ​ပြောသည်။

ချင်းပြည်နယ် မင်းတပ်နှင့် မ​ကွေးတိုင်း ​ယောနယ် စပ်ကို ယ​နေ့(ဧပြီ ၇ ) ည ၁၁ နာရီတွင် ဂျက်ဖိုက်တာဖြင့် ပထမအကြိမ် ဗုံးလာကျဲပြီး ၊နာရီဝက်​ကျော်အကြာ ၁၂ နာရီ ၅ မိနစ်တွင် ဒုတိအကြိမ် ဗုံးလာကျဲ​ကြောင်း​ဒေသခံတစ်ဦးက ​ပြောသည်။

အဆိုပါတိုက်​လေယာဥ် ၂ စင်းသည် ​နေပြည်​တော်​လေတပ်မှ သွား၍ဗုံကျဲကြခြင်းဖြစ်သည်။ တိုက်​လေယာဥ်တစ်စင်းမှာ ည၁၁ နာရီတွင်​နေပြည်​တော်​လေတပ်မှအ​နောက်ဘက်သို့ ထွက်ခွာသွားပြီး ကျန်တစ်စင်းသည် ၁၁ နာရီ ၆ မိနစ်တွင် အ​နောက်ဖက်သို့ ဦးတည်ပျံသန်းသွားသည်။ မင်းတပ်နှင့်​ယောနယ်စပ်တွင် ဗုံးကျဲပြီ​နောက် ပထမ ​လေယာဥ်သည် ည၁၂ နာရီ ၄ မိနစ်တွင် ​နေပြည်​တော်သို့ ပြန်လည်ဆင်းသက်​ကြောင်း ​စစ်တပ်​လေ​ကြောင်း​စောင့်ကြည့်​ရေးအဖွဲ့များထံမှသိရသည်။ သို့​သော် ဒုတိယဗုံးကျဲခဲ့​သော ​တိုက်လေယာဥ်မှာ ၁၂ နာရီ ၅၀ တွင် တံတားဦး​​လေတပ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်​ကြောင်း စစ်အုပ်စု​လေ​ကြောင်းပျံသန်းမှုများ​စောင့်ကြည့်​ဖော်ပြ​ပေး​နေ​သော Enemy Air RouteChannel (EAR )ကမှတ်တမ်းတင်ထားသည်။

​လေ​​ကြောင်းတိုက်ခိုက်မှု​ကြောင့်ထိခိုက်ပျက်စီးမှု ရှိ ၊မရှိကိုမူ မသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

ယ​နေ့တွင်ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တစ်နေရာ၌ တိုက်ပွဲပြင်းထန်နေကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)နှင့် ​ဒေသခံများက​ပြောသည်။

မင်းတပ် CDF၊ ယောဒေသ ကာကွယ်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ ယနေ့ ဧပြီ ၇ရက် နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်​ကြောင်းCDF မင်းတပ်ကလည်းထုတ်ပြန်ထားသည်။

ဆောမြိုနယ်နှင့် ထီလင်းနယ်ဘက်က တက်လာ​သော အင်အား ၈၀ ​ကျော်ပါစစ်​ကောင်စီတပ်စစ်​ကြောင်းသည် မင်းတပ်မြို့နယ်အတွင်း တစ်မိုင်ခန့်​ရောက်လာချိန်တွင်တိုက်ပွဲဖြစ်ပွား​ကြောင်း CDF-မင်းတပ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့​ကြောင့်စစ်တပ်က ညသန်း​ခေါင်​လေ​ကြောင်းမှ သွား​ရောက်ဗုံးကျဲခြင်းမှာအဆိုပါတိုက်ပွဲ နှင့်ဆက်စပ်နိုင်ပြီးစစ်တပ်က​မြေပြင် တိုက်ပွဲတွင်အထိနာပါက ​လေ​ကြောင်းကို အသုံးပြု တိုက်ခိုက်​လေ့ရှိ​ကြောင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

မကြာသေးမီ ရက်ပိုင်းများကလည်း ချင်း-မကွေးနယ်စပ် ယောဒေသဖြစ်သည့် ဆောမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ကို CDF၊PDF အပါအဝင် မဟာမိတ် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်​သေဆုံးထိခိုက်မှုများခဲ့ကြောင်း ဆော PDF တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။