Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့ စစ်မှုထမ်းဟောင်းရုံးတပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်

ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း ရေစကြိုမြို့တွင် တပ်အတွင်းမှထွက်လာသော စစ်ကောင်စီတပ်အား သင်္ချိုင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ငါးဦးသေဆုံးကြောင်း ရေစကြို(ပကဖ)က ထုတ်ပြန်ထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ စစ်မှုထမ်းဟောင်းရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger (MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧပြီ ၆ ရက် ည ၇ နာရီခန့်က ရေစကြိုမြို့၊ အမှတ်(၄)၊ဖောင်တော်ဦးရပ်ကွက်ရှိ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း Myingyan Black Tiger (MBT)အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စစ်မှုထမ်းဟောင်းရုံးမှာတပ်စွဲထားတာပါ။ ပုံမှန်ဆို ခုနစ်ယောက်ပဲရှိတာ။ အရင်က အဲစခန်းကိုစခန်းသိမ်းတိုက်ပွဲတိုက်တော့ ထပ်တိုးလိုက်တာ ၁၂ယောက်ပေါ့။ အခုသွားတိုက်တော့ ၅၂ ယောက်ဖြစ်သွားတယ်။ ဂန်းနဲ့ပဲဝင်ပြီးပစ်ခဲ့တာ။ သူတို့ကင်းနားကို ဆိုင်ကယ်ရပ်ပြီး ဝင်ပစ်ခဲ့တာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအနီးရှိ ရပ်ကွက်များဖြစ်သည့် အမှတ် (၂)စည်ပင်သာယာရပ်နှင့် အမှတ် (၁)၊ နဂါးရုံရပ်ကွက်တို့ရှိ နေအိမ်အချို့ကို အင်အား (၃၀) ဝန်းကျင်ဖြင့် နှစ်ရက်ဆက်တိုက် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း ရေစကြိုမြို့တွင် တပ်အတွင်းမှထွက်လာသော စစ်ကောင်စီတပ်အား သင်္ချိုင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ငါးဦးသေဆုံးကြောင်း ရေစကြို(ပကဖ)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။