Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့ စစ်မှုထမ်းဟောင်းရုံးတပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်

ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း ရေစကြိုမြို့တွင် တပ်အတွင်းမှထွက်လာသော စစ်ကောင်စီတပ်အား သင်္ချိုင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ငါးဦးသေဆုံးကြောင်း ရေစကြို(ပကဖ)က ထုတ်ပြန်ထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ စစ်မှုထမ်းဟောင်းရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger (MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧပြီ ၆ ရက် ည ၇ နာရီခန့်က ရေစကြိုမြို့၊ အမှတ်(၄)၊ဖောင်တော်ဦးရပ်ကွက်ရှိ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း Myingyan Black Tiger (MBT)အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စစ်မှုထမ်းဟောင်းရုံးမှာတပ်စွဲထားတာပါ။ ပုံမှန်ဆို ခုနစ်ယောက်ပဲရှိတာ။ အရင်က အဲစခန်းကိုစခန်းသိမ်းတိုက်ပွဲတိုက်တော့ ထပ်တိုးလိုက်တာ ၁၂ယောက်ပေါ့။ အခုသွားတိုက်တော့ ၅၂ ယောက်ဖြစ်သွားတယ်။ ဂန်းနဲ့ပဲဝင်ပြီးပစ်ခဲ့တာ။ သူတို့ကင်းနားကို ဆိုင်ကယ်ရပ်ပြီး ဝင်ပစ်ခဲ့တာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအနီးရှိ ရပ်ကွက်များဖြစ်သည့် အမှတ် (၂)စည်ပင်သာယာရပ်နှင့် အမှတ် (၁)၊ နဂါးရုံရပ်ကွက်တို့ရှိ နေအိမ်အချို့ကို အင်အား (၃၀) ဝန်းကျင်ဖြင့် နှစ်ရက်ဆက်တိုက် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း ရေစကြိုမြို့တွင် တပ်အတွင်းမှထွက်လာသော စစ်ကောင်စီတပ်အား သင်္ချိုင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ငါးဦးသေဆုံးကြောင်း ရေစကြို(ပကဖ)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။