Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်တွင် ဘူဒိုဇာဖြင့် စစ်ကြောင်းပြန်ထွက် လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

ယနေ့ (ဧပြီ ၉ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ဘူဒိုဇာဖြင့် မူးဘောင်အချို့အားဖျက်ဆီးနေကြောင်း၊ အနီးတဝိုက်ကျေးရွာအချို့က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးအား ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ငါးရက်ကြာ ရပ်နားပြီးနောက် ဘူဒိုဇာဖြင့် စစ်ကြောင်းပြန်ထွက်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း အဖြူရောင် DPYအဖွဲ့က ပြောသည်။

ဒီပဲယင်းမြို့ပေါ်စခန်းတွင် ငါးရက်ကြာ နားနေသော စစ်ကောင်စီတပ်သည် ယမန်နေ့ (ဧပြီ ၈ ရက်) နံနက် ၅နာရီခန့်က ရေဦး – ဒီပဲယင်းလမ်းပေါ်တွင် ဘူဒိုဇာတစ်စီးနှင့်အတူ ရေဦးမြို့ဘက်သို့ အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထွက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ယူကလစ်ပင်တန်းအကျော်တွင် ပဒေသာမိုင်းများ၊ ရှေ့ထွက် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ခြောက်ဦးထိခိုက်ပြီး ဒဏ်ရာရရှိသူများပြားကြောင်း၊ ဘူဒိုဇာမှာလည်း မှန်များကွဲပြီး ဆီတိုင်ကီအိုးပေါက်သွားကြောင်း အဖြူရောင် DPY အဖွဲ့က ပြောသည်။

” ယူကလစ်ပင်တန်းနားလေးမှာ မိုင်းကွင်းဆင် ထားတာ။ မိုင်းအလုံး ၅၀လောက်ခွဲလိုက်ရတယ်။ တချို့အလုံးတွေကတော့ ရှေ့ပြေးအဖွဲ့နဲ့တွေ့ပြီး အဖျက်ခံရတာလည်းရှိတယ်။ မျက်မြင်

Public Service Announcement

Public Service Announcement

ကင်းထောက်ပြောတာကတော့ ခြောက်ကောင်ကတော့ လေပေါ်လွင့်သွားတယ်ပြောတယ်။ ဒဏ်ရာရတဲ့သူတွေလ​ည်းအများကြီးပဲ ပေလမ်းပေါ်မှာလဲနေတယ်”ဟု အဖြူရောင် DPY အဖွဲ့သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ လမ်းပေါ်တွင် စစ်အုပ်စုထောင်ထားခဲ့သော နင်းမိုင်းတစ်လုံးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း အဖြူရောင် DPY အဖွဲ့က ပြောသည်။

ယင်းစစ်ဆင်ရေးကို ဒီပဲယင်းပြည်သူ့ကာကွယ် ရေး (ပကဖ)အဖွဲ့အစည်းများ ပူးပေါင်းတိုက်ခိုက် ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ပြည်သူနှစ် ဦးကို လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းနယ်မှထွက်လာသော စစ်ကောင်စီတပ်သားများသည် မုတ်ဆီကျေးရွာသို့ရောက်ရှိသွားပြီး ရေဦးနယ်မှထွက်လာသော စစ်ကောင်စီတပ်သားများနှင့် နှစ်ဖွဲ့ပေါင်းသွားခဲ့သည်။

ယနေ့ (ဧပြီ ၉ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ဘူဒိုဇာဖြင့် မူးဘောင်အချို့အားဖျက်ဆီးနေကြောင်း၊ အနီးတဝိုက်ကျေးရွာအချို့က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။