Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့မှ ထွက်လာသော စစ်ကောင်စီတပ်ယာဥ်တစ်စီးကို PDF ကြားဖြတ်တိုက်ခိုက်

ယနေ့ (ဧပြီ ၉ ရက်)နံနက် ၁ နာရီခွဲခန့်က လယ်တောင်ရွာအနီးတွင် မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ(၂)၊ တနင်္သာရီပျောက်ကျား၊ တနင်္သာရီရိုးမ၊ တောင်ပံနီနှင့် ကျွန်းစု ပ.က.ဖ အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)

တနင်္သာရီမြို့မှ ထွက်လာသော စစ်ကောင်စီတပ် ယာဥ်တစ်စီးကို မဟာမိတ်တပ်များနှင့်အတူ ယနေ့နံနက်အစောပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့ (ဧပြီ ၉ ရက်)နံနက် ၁ နာရီခွဲခန့်က လယ်တောင်ရွာအနီးတွင် မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ(၂)၊ တနင်္သာရီပျောက်ကျား၊ တနင်္သာရီရိုးမ၊ တောင်ပံနီနှင့် ကျွန်းစု ပ.က.ဖ အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဥ်ပေါ်တွင် အင်အား ၆၀ခန့်လိုက်ပါလာပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(တိုက်ပွဲ)မနက်စောစော ပြီးသွားပါပြီခင်ဗျာ။ သူတို့ဘက်က ထိခိုက်မှုတော့ရှိပါတယ်။ အတိ အကျတော့ မသိသေးပါဘူး ခင်ဗျာ”ဟု ၎င်းတာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

လမ်းတစ်နေရာမှ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် တနင်္သာရီမြို့နယ်အခြေစိုက် ခမရ (၅၅၈)တပ်ရင်းအတွက်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၂)က ပြောသည်။

တိုက်ခိုက်မှုအတွင်း တပ်ရင်း (၂)အပါအဝင် ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲများအချိန်မရွေးဖြစ်ပွားလာနိုင်သောကြောင့် တနင်္သာရီမြို့နယ် ထုံခါ – မောတောင်လမ်းပိုင်းကို မတ်လကုန်ထဲက တော်လှန်ရေးတပ်ဖွဲ့များမှ ယာယီပိတ်ထားခဲ့ပြီး ဧပြီ ၁ ရက်နှင့် ၂ ရက်များတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား သိန်းခွန်ရွာအနီးတိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။