Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့မှ ထွက်လာသော စစ်ကောင်စီတပ်ယာဥ်တစ်စီးကို PDF ကြားဖြတ်တိုက်ခိုက်

ယနေ့ (ဧပြီ ၉ ရက်)နံနက် ၁ နာရီခွဲခန့်က လယ်တောင်ရွာအနီးတွင် မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ(၂)၊ တနင်္သာရီပျောက်ကျား၊ တနင်္သာရီရိုးမ၊ တောင်ပံနီနှင့် ကျွန်းစု ပ.က.ဖ အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)

တနင်္သာရီမြို့မှ ထွက်လာသော စစ်ကောင်စီတပ် ယာဥ်တစ်စီးကို မဟာမိတ်တပ်များနှင့်အတူ ယနေ့နံနက်အစောပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့ (ဧပြီ ၉ ရက်)နံနက် ၁ နာရီခွဲခန့်က လယ်တောင်ရွာအနီးတွင် မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ(၂)၊ တနင်္သာရီပျောက်ကျား၊ တနင်္သာရီရိုးမ၊ တောင်ပံနီနှင့် ကျွန်းစု ပ.က.ဖ အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဥ်ပေါ်တွင် အင်အား ၆၀ခန့်လိုက်ပါလာပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(တိုက်ပွဲ)မနက်စောစော ပြီးသွားပါပြီခင်ဗျာ။ သူတို့ဘက်က ထိခိုက်မှုတော့ရှိပါတယ်။ အတိ အကျတော့ မသိသေးပါဘူး ခင်ဗျာ”ဟု ၎င်းတာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

လမ်းတစ်နေရာမှ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် တနင်္သာရီမြို့နယ်အခြေစိုက် ခမရ (၅၅၈)တပ်ရင်းအတွက်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၂)က ပြောသည်။

တိုက်ခိုက်မှုအတွင်း တပ်ရင်း (၂)အပါအဝင် ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲများအချိန်မရွေးဖြစ်ပွားလာနိုင်သောကြောင့် တနင်္သာရီမြို့နယ် ထုံခါ – မောတောင်လမ်းပိုင်းကို မတ်လကုန်ထဲက တော်လှန်ရေးတပ်ဖွဲ့များမှ ယာယီပိတ်ထားခဲ့ပြီး ဧပြီ ၁ ရက်နှင့် ၂ ရက်များတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား သိန်းခွန်ရွာအနီးတိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။