Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲ – ဖားဆောင်းလမ်းပိုင်းအသုံးပြုခွင့် ပိတ်ပင်ကြောင်း PDF ဒုတိယအကြိမ် သတိပေး ထုတ်ပြန်

ဘောလခဲမြို့နယ်အတွင်း ဘောလခဲ – ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးအား လုံခြုံ‌ရေးအခြေအနေအရ ပိတ်ပင်ထားကြောင်းကို PDFက ယမန်နေ့(ဧပြီ ၉ရက်) ညတွင် ဒုတိယအကြိမ် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

(​ဘောလခဲ - ဖား​ဆောင်း လမ်းပိုင်းတစ်​နေရာအား တွေ့ရစဥ် ။ဓာတ်ပုံ - CJ)
(​ဘောလခဲ - ဖား​ဆောင်း လမ်းပိုင်းတစ်​နေရာအား တွေ့ရစဥ် ။ဓာတ်ပုံ - CJ)

ကရင်နီပြည် ဘောလခဲ – ဖားဆောင်း လမ်းမကြီးများအားအသုံးပြုခွင့် ပိတ်ပင်ထားသော်လည်း ပြည်သူများအနေဖြင့် လိုက်နာမှုအားနည်းနေပြီး ယင်းလမ်းပိုင်းအား အသုံးမပြုကြရန် ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Bawlakhe PDF က ဒုတိယအကြိမ် သတိပေးချက်ထုတ်ပြန်သည်။

ဘောလခဲမြို့နယ်အတွင်း ဘောလခဲ – ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးအား လုံခြုံ‌ရေးအခြေအနေအရ ပိတ်ပင်ထားကြောင်းကို PDFက ယမန်နေ့(ဧပြီ ၉ရက်) ညတွင် ဒုတိယအကြိမ် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

“လက်ရှ်ိဒေသအခြေအနေအရ သတိပေးတာပါ။ ပြည်သူ‌တွေဘက်က လိုက်နာမှုအားနည်းနေလို့ အခက်အခံတချို့ရှိနေတယ်။ဒါက ဒုတိယအကြိမ် ထပ်သတိပေးချက်ပါ”ဟု ဘောလခဲ PDF နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်းကို ဘောလခဲPDF တပ်ရင်းအမှတ်-1105 တပ်ရင်းနှင့် ဖားဆောင်းPDF တပ်ရင်းအမှတ်-1108 တပ်ရင်းတို့မှ ဘောလခဲခရိုင်ပူးပေါင်း ဗျူဟာစစ်ကြောင်းအနေဖြင့် စောင့်ကြပ်တာဝန်ယူနေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သို့သော် ပြည်သူများက လိုက်နာမှုမရှိဘဲ ထိုလမ်းမကြီးများအား ဆက်လက်အသုံးပြုလျက်ရှိကြောင်းတွေ့ရှိ‌နေရသည်ဟု PDF က ထုတ်ပြန်ထားသည်။

ဘောလခဲ – ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးအား လုံခြုံ‌ရေးအခြေအနေအရ ပိတ်ပင်ထားကြောင်းကို ဘောလခဲ PDF က မတ်လ ၂၂ရက်တွင် ပထမအကြိမ် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဘောလခဲမြို့နယ်တွင် လတ်တလောတွင် စစ်ကောင်စီတပ် စစ်ကြောင်း ရှိနေသလို အင်အားတိုးမြှင့်မှုများလည်းလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာအနီးတွင် မတ်လ၁၆ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီအထိနာခဲ့သည်။

မတ်လ ၂၃ ရက်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများရှိရာ နေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှ်ိခဲ့ကြောင်း ဘောလခဲ PDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။