Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ စစ်အသုံးစရိတ်တဟုန်ထိုးတက်လာ

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ စစ်အသုံးစရိတ် ကျပ်ဘီလီယံ ၃,၄၀၀ ရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ယခင်နှစ်ကထက် ဘီလီယံ ၃၀၀ ပိုများလာပြီး ကျပ်ဘီလီယံ ၃,၇၀၀ ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်အသုံးစရိတ်တဟုန်ထိုးတက်လာ
စစ်ကောင်စီရဲ့ စစ်အသုံးစရိတ်တဟုန်ထိုးတက်လာ

အာဏာသိမ်းစစ်ကောင်စီဟာ ဒီနှစ် ဘတ်ဂျက်မှာ စစ်အသုံးစရိတ်ကို ကျန်းမာရေးနဲ့ပညာရေးကဏ္ဍမှာ သုံးစွဲမယ့် ငွေကြေးပမာဏ ထက် ၂ ဆသုံးစွဲမယ်လို့သိရပါတယ်။

လက်ရှိ ဧပြီလ ၁ ရက်ကနေ စတင်တဲ့ ၂၀၂၃ −၂၀၂၄ ဘတ်ဂျက်နှစ် အတွက် အသုံးစရိတ်ကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာကတဆင့်ဖော်ပြရာမှာ စစ်အသုံးစရိတ်အတွက် ကျပ်ဘီလီယံ ၅,၆၀၀ ကျော် သုံးစွဲမှာ တွေ့ရပါတယ်။

ပညာရေးကဏ္ဍ အတွက် ကျပ်ဘီလီယံ ၂,၀၀၀ ကျော်သုံးစွဲမှာဖြစ်ပြီး ကျန်းမာရေးစရိတ်ကို ကျပ်ဘီလီယံ၈၀၀ သာ စစ်ကောင်စီက သုံးစွဲမှာပါ။

ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ ၂ ရပ်ပေါင်းသုံးစွဲမယ့်ငွေဟာ ကျပ်ဘီလီယံ ၂,၈၀၀ ကျော် သာ ရှိပြီး အဲဒီပမာဏရဲ့ ၂ ဆကို စစ်အသုံးစရိတ်အဖြစ် စစ်ကောင်စီ က သုံးစွဲမှာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အသုံးစရိတ်ဟာ အာဏာသိမ်းပြီနောက်ပိုင်း မြန်မာနိုင်ငံမှာ ခုန်တက်လာတာပါ။

အာဏာသိမ်းပြီးနောက် လွှတ်တော်ရဲ့ စိစစ်ဖြတ်တောက်မှုမရှိတော့ဘဲ ဘတ်ဂျက်ကို စိတ်ကြိုက်ရေးဆွဲခွင့်ရနေတဲ့စစ်ကောင်စီဟာ စစ်တပ်အသုံးစရိတ် ကိုတိုးမြှင့်သုံးစွဲလာတာတွေ့ရပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ စစ်အသုံးစရိတ် ကျပ်ဘီလီယံ ၃,၄၀၀ ရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ယခင်နှစ်ကထက် ဘီလီယံ ၃၀၀ ပိုများလာပြီး ကျပ်ဘီလီယံ ၃,၇၀၀ ဖြစ်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ထိ တဟုန်ထိုးတက်လာတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။