Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကို လွှဲချလေ့ရှိ၍ သင်္ကြန်တွင် များစွာသတိထားရန် NUG ခေါင်းဆောင်များသတိ​ပေး

နိုင်ငံအတွင်းရှိ ပြည်သူများကို အကြမ်းဖက်စစ်တပ်က ဖိနှိတ်သတ်ဖြတ်နေခြင်းအား တားဆီးနိုင်ရေး ဆောင်ရွက်ရန် အရေးကြီးကြောင်းလည်း ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကို လွှဲချလေ့ရှိ၍ သင်္ကြန်တွင် များစွာသတိထားရန် NUG ခေါင်းဆောင်များသတိ​ပေး
စစ်ကောင်စီကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကို လွှဲချလေ့ရှိ၍ သင်္ကြန်တွင် များစွာသတိထားရန် NUG ခေါင်းဆောင်များသတိ​ပေး

စစ်ကောင်စီအနေဖြင့် လူစည်ကားရာ နေရာများ ပွဲတော်များ၌ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး တော်လှန်ရေးဘက်တော်သားများကို လွှဲချလေ့ရှိ၍ ပြည်သူများ အနေဖြင့်များစွာသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက ယနေ့ သတိပေးလိုက်သည်။

ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အစည်းအဝေး၌ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

“ဒီလို အခြေအနေမှာပြည်သူတွေကိုဒီကနေတဆင့် သတင်းစကားပါးလိုတာတော့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့လိုချင်တဲ့ နည်းလမ်းပေါ် ရောက်ဖို့ ဘယ်သူ့ကို မဆို ချနင်းရဲတဲ့ လူမျိုးတွေ ဖြစ်တာမို့ သတိဝီရိယနဲ့ သွားလာစေချင်ပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ဒီလို လူစည်ကားရာ နေရာတွေ၊ ပွဲတော်တွေမှာ အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ပြီး တော်လှန်ရေး ဘက်တော်သားတွေကို လွှဲချတတ်တဲ့ ဖြစ်စဉ်တွေက ရှိခဲ့ပြီးသားမို့ အင်မတန် သတိထားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်”ဟုပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ယာယီသမ္မတကလည်း အကြမ်းဖက်စစ်တပ်သည် ယခုကဲ့သို့ အခါကြီး ရက်ကြီးအချိန်မျိုး၌ အကြမ်းဖက်လုပ်ရပ်များ အချိန်ကိုက် ကျူးလွန်လုပ်ဆောင် နိုင်ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“ ဒီလို အခါကြီး၊ ရက်ကြီး အချိန်မျိုးတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက် လုပ်ဆောင်ပြီး၊ တောင်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားကြဖို့လိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

တော်လှန်ရေးရဲဘော်များအနေဖြင့်လည်း တိုင်းပြည်ကို စစ်ကျွန်လက်အောက် တသက်လုံး ပြန်မကျ ရောက်စေရန်အတွက် ယခု မဟာအတာသင်္ကြန်ကာလ၌လည်း တော်လှန်ရေးအတွက် ဆက်လက် ကြိုးစား တိုက်ပွဲဝင်နေကြမည်ဟု အသိပေးသည်။

နိုင်ငံအတွင်းရှိ ပြည်သူများကို အကြမ်းဖက်စစ်တပ်က ဖိနှိတ်သတ်ဖြတ်နေခြင်းအား တားဆီးနိုင်ရေး ဆောင်ရွက်ရန် အရေးကြီးကြောင်းလည်း ယာယီသမ္မတက ပြောသည်။

“ ကိုယ့်နိုင်ငံထဲမှာပဲ ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို တားဆီးနိုင်ဖို့ဆိုတာ တော်လှန်ရေးကို အဆုံးသတ်ဖို့ အရေးကြီးသလို၊ လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အကာအကွယ်တွေ အမြန်ဆုံးရဖို့လည်း လိုအပ်တာကြောင့် နိုင်ငံတကာဥပဒေနဲ့အညီ အရေး

ယူနိုင်ဖို့အတွက် သက်သေအထောက်အထားတွေရဖို့ အရေးကြီးပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

NUG ပြည်​​ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း”ဒီတစ်ပတ်အတွင်းမှာ တနိုင်ငံလုံးအနှံ့ စစ်ရေးက အရှိန်မြင့်နေပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအရှုံးသတင်းတွေ အတော်ကြားရသလို ကျွန်တော်တို့ရဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက် ရှိတာတွေလည်း ကြားရပါတယ်။ စစ်ကိုင်းတိုင်း ပုလဲနဲ့ မြိုင်မြို့နယ်စပ်မှာ ရှိတဲ့ M7 PDF စခန်းကို စစ်တပ်က ရဟတ်ယာဉ် ၃ စီးနဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၇ ဦး ကျဆုံးသွားတာ ကြားရတဲ့အတွက် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်။ ဒီလိုပဲ ကရင်ပြည်နယ်တွင်းက တိုက်ပွဲတွေမှာ ထိခိုက်ကြသူတွေ ကျဆုံးရသူတွေအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ စစ်ရေးကဏ္ဍမှာတော့ chain of command က အင်မတန် အရေးကြီးသလို အတွေ့အကြုံနဲ့ ဗျူဟာပိုင်နိုင် ကျွမ်းကျင်မှုတွေကလည်း စစ်ပွဲကို အောင်ပွဲဆီ သယ်ဆောင်ပေးသွားနိုင်တဲ့ အဓိက အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ မဟာမိတ် ERO များနဲ့ စနစ်တကျ ညှိနှိုင်းတိုင်ပင်ပြီး စနစ်တကျနဲ့ ဆောင်ရွက်ပါမှ မိမိတို့ဘက်မှာ အထိအခိုက် အပွန်းအပဲ့ နည်းမှာ ဖြစ်သလို အောင်ပွဲတွေလည်း ရနိုင်မှာ ဖြစ်ပါတယ်။”ဟု​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။