Connect with us

Hi, what are you looking for?

သတင်း

ကဝမြို့နယ်တွင် ဆက်ကြေးကောက်ရန်လာသည့် ရဲနှစ်ဦးကိုပစ်ခတ်ရာ တစ်ဦးသေ

မြို့ပြစစ်ဆင်ရေးများဆောင်ရွက်ရာတွင် လက်နက်ဆုံးရှုံးမှုများရှိသောကြောင့် ပြန်လည်ဖြည့်တင်းနိုင်ရန် ပိတောက်ဖူးပရောဂျက်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြနေသော ပြည်သူများအား ဖြိုခွင်းလာသော စစ်ကောင်စီလက်ပါးစေ ရဲများအား ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြနေသော ပြည်သူများအား ဖြိုခွင်းလာသော စစ်ကောင်စီလက်ပါးစေ ရဲများအား ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ပိတောက်ဖူး စစ်ဆင်ရေးအနေဖြင့် ပဲခူးတိုင်း ကဝမြို့နယ်၌ ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီလက်ပါးစေ ရဲနှစ်ဦးကို ပစ်ခတ်ရှင်းလင်းရာ တစ်ဦးသေဆုံးကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရခနှစ်ကောင်က ရှမ်းကန် – သပြုလမ်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတယ်လို့ သတင်းရတာနဲ့ ခပ်မြန်မြန်ဆောင်ရွက်လိုက်တာပါ။ သတင်းကကပ်နေတော့ သေချာတော့ ပလန်မချလိုက်ရဘူး။ တွေ့ပစ်လိုဖြစ်သွားတယ်။”ဟု ၎င်းက‌ ပြောသည်။

ယင်းစစ်ဆင်ရေးကို ဧပြီ ၁၁ရက် နံနက် ၁၀နာရီခွဲခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲများသည် ဆိုင်ကယ်နှင့်လာခြင်းဖြစ်သောကြောင့် တော်လှန်ရေးရဲဘော်များကလည်း ဆိုင်ကယ်ဖြင့် မျက်နှာချင်းဆိုင်မှ အနီးကပ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပစ္စတိုဖြင့် ၇ ချက်ပစ်ခဲ့ခြင်းဖြစ်ပြီး ရဲတစ်ဦး ဆိုင်ကယ်ပေါ်မှ နောက်ပြန်ကျကာ အခင်းနေရာ၌ သေဆုံးသွားကြောင်း မြေပြင်သတင်းများမှရရှိသည်ဟု KPDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးပြုလုပ်သည့် ရဲဘော်များ အန္တရာယ်ကင်းပြီး သေဆုံးသူ၏ အချက်အလက်များကိုစုံစမ်းနေဆဲဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“နန်းထိုက်အောင်စစ်ဆင်ရေးက စစ်ဒေသဘက်ကရပ်ဆိုင်းပြီး နောက်စစ်ဆင်ရေးတစ်ခုလုပ်ဖို့ ပြင်ဆင်နေတယ်။ ဒီကြားထဲ ကျနော်တို့ ပိတောက်ဖူး ကျပ်သိန်း၂၅၀ ပရောဂျက် ရန်ပုံငွေရှာနေတာနဲ့ မစ်ရှင်က ပွဲကဖြစ်သွားတာနဲ့မို့ ပိတောက်ဖူးစစ်ဆင်ရေးလို့ ပေးလိုက်တာပါ။ ယခု တကြိမ်ပဲလုပ်‌ဆောင်ရသေးတယ်။ အရင်Caseတွေက နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်ခဲ့တာပါ။”ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ပြောသည်။

မြို့ပြစစ်ဆင်ရေးများဆောင်ရွက်ရာတွင် လက်နက်ဆုံးရှုံးမှုများရှိသောကြောင့် ပြန်လည်ဖြည့်တင်းနိုင်ရန် ပိတောက်ဖူးပရောဂျက်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

KPDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံများကို အသက်သေဆုံးသည်အထိ တိုက်ခိုက်မှုများပြုလုပ်မည်ဖြစ်ပြီးစစ်ကောင်စီက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းဖြင့် ရက်စက်ယုတ်မာစွာ တိုက်ခိုက်ခဲ့မှုအတွက် မြို့ပြပျောက်ကြားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်၍ လက်တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။

“ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် အပျော်သင်္ကြန်ကို သပိတ်မှောက်ဆန့်ကျင်၍ တော်လှန်သင်္ကြန်ကို ဆင်နွှဲကြရန် သတိပေးတိုက်တွန်းလိုက်သည်။ “ဟု KPDF က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။