Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကဝမြို့နယ်တွင် ဆက်ကြေးကောက်ရန်လာသည့် ရဲနှစ်ဦးကိုပစ်ခတ်ရာ တစ်ဦးသေ

မြို့ပြစစ်ဆင်ရေးများဆောင်ရွက်ရာတွင် လက်နက်ဆုံးရှုံးမှုများရှိသောကြောင့် ပြန်လည်ဖြည့်တင်းနိုင်ရန် ပိတောက်ဖူးပရောဂျက်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြနေသော ပြည်သူများအား ဖြိုခွင်းလာသော စစ်ကောင်စီလက်ပါးစေ ရဲများအား ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြနေသော ပြည်သူများအား ဖြိုခွင်းလာသော စစ်ကောင်စီလက်ပါးစေ ရဲများအား ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ပိတောက်ဖူး စစ်ဆင်ရေးအနေဖြင့် ပဲခူးတိုင်း ကဝမြို့နယ်၌ ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီလက်ပါးစေ ရဲနှစ်ဦးကို ပစ်ခတ်ရှင်းလင်းရာ တစ်ဦးသေဆုံးကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရခနှစ်ကောင်က ရှမ်းကန် – သပြုလမ်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတယ်လို့ သတင်းရတာနဲ့ ခပ်မြန်မြန်ဆောင်ရွက်လိုက်တာပါ။ သတင်းကကပ်နေတော့ သေချာတော့ ပလန်မချလိုက်ရဘူး။ တွေ့ပစ်လိုဖြစ်သွားတယ်။”ဟု ၎င်းက‌ ပြောသည်။

ယင်းစစ်ဆင်ရေးကို ဧပြီ ၁၁ရက် နံနက် ၁၀နာရီခွဲခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲများသည် ဆိုင်ကယ်နှင့်လာခြင်းဖြစ်သောကြောင့် တော်လှန်ရေးရဲဘော်များကလည်း ဆိုင်ကယ်ဖြင့် မျက်နှာချင်းဆိုင်မှ အနီးကပ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပစ္စတိုဖြင့် ၇ ချက်ပစ်ခဲ့ခြင်းဖြစ်ပြီး ရဲတစ်ဦး ဆိုင်ကယ်ပေါ်မှ နောက်ပြန်ကျကာ အခင်းနေရာ၌ သေဆုံးသွားကြောင်း မြေပြင်သတင်းများမှရရှိသည်ဟု KPDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးပြုလုပ်သည့် ရဲဘော်များ အန္တရာယ်ကင်းပြီး သေဆုံးသူ၏ အချက်အလက်များကိုစုံစမ်းနေဆဲဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“နန်းထိုက်အောင်စစ်ဆင်ရေးက စစ်ဒေသဘက်ကရပ်ဆိုင်းပြီး နောက်စစ်ဆင်ရေးတစ်ခုလုပ်ဖို့ ပြင်ဆင်နေတယ်။ ဒီကြားထဲ ကျနော်တို့ ပိတောက်ဖူး ကျပ်သိန်း၂၅၀ ပရောဂျက် ရန်ပုံငွေရှာနေတာနဲ့ မစ်ရှင်က ပွဲကဖြစ်သွားတာနဲ့မို့ ပိတောက်ဖူးစစ်ဆင်ရေးလို့ ပေးလိုက်တာပါ။ ယခု တကြိမ်ပဲလုပ်‌ဆောင်ရသေးတယ်။ အရင်Caseတွေက နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်ခဲ့တာပါ။”ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ပြောသည်။

မြို့ပြစစ်ဆင်ရေးများဆောင်ရွက်ရာတွင် လက်နက်ဆုံးရှုံးမှုများရှိသောကြောင့် ပြန်လည်ဖြည့်တင်းနိုင်ရန် ပိတောက်ဖူးပရောဂျက်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

KPDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံများကို အသက်သေဆုံးသည်အထိ တိုက်ခိုက်မှုများပြုလုပ်မည်ဖြစ်ပြီးစစ်ကောင်စီက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းဖြင့် ရက်စက်ယုတ်မာစွာ တိုက်ခိုက်ခဲ့မှုအတွက် မြို့ပြပျောက်ကြားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်၍ လက်တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။

“ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် အပျော်သင်္ကြန်ကို သပိတ်မှောက်ဆန့်ကျင်၍ တော်လှန်သင်္ကြန်ကို ဆင်နွှဲကြရန် သတိပေးတိုက်တွန်းလိုက်သည်။ “ဟု KPDF က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။