Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်တွင် စစ်ကောင်စီခန့်အုပ်ကြီးနှင့် ပျူအဖွဲ့အားတိုက်ခိုက်ရာ သုံးဦးသေဆုံး၊ လက်နက် သုံးလက်ရရှိ

တောင်သာမြို့နယ်တွင် ပျူစောထီးအင်အားကောင်းသည့် ကျေးရွာအများအပြားရှိနေပြီး စစ်ကောင်စီတပ်က လက်နက်ပါတပ်ဆင်ပေးထားသည်။

သိမ်းဆည်းနိုင်ခဲ့သော လက်နက် သုံးလက်အား ပြသထားစဥ်။ ဓာတ်ပုံ - Myingyan District Army - MDA (3)
သိမ်းဆည်းနိုင်ခဲ့သော လက်နက် သုံးလက်အား ပြသထားစဥ်။ ဓာတ်ပုံ - Myingyan District Army - MDA (3)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့လိုက်ပါလာသော ယာဥ်အားပစ်ခတ်တိုက်ခိုက်ရာ ယာဥ်ပေါ်ပါ သုံးဦးစလုံးသေဆုံးပြီး သေနတ်သုံးလက်သိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃) – Myingyan District Army – MDA (3) အဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီ ၁၀ရက် ညနေ ၆နာရီခွဲခန့်က မြင်းခြံ – ညောင်ဦးလမ်း၊ ကျောဇီရွာနှင့် တမိုက်သာကျေးရွာ ကြားတွင် တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် တင်ဆန်းဦးနှင့်အဖွဲ့လိုက်ပါလာသော အိမ်စီးကားတစ်စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူခေါင်းဆောင်အုပ်ကြီးနှင့် ပျူအဖွဲ့ဝင် လှိုင်မြင့်ဦး အပါအဝင် သုံးဦးသေဆုံးကာ ကာဘိုင်သေနတ် သုံးလက်သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan District Army – MDA (3)အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်၍ Myingyan District Army – MDA (3) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

“ထန်းပင်ကန်တံတားအနောက်ဘက် ကန်ရွာလမ်းခွဲနားမှာ ထန်းပင်ကန်ပျူအုပ်ကြီးမောင်းလာတဲ့ ကားအပစ်ခံရတာ။ အုပ်ကြီးရယ် ပျူတစ်ကောင်ရယ် စခတစ်ကောင်သေတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း – Burmese Guerrilla Force – BGF နှင့် Zero-Nine ပြောက်ကျားတပ်တို့ ပူးပေါင်းကာ တော်လှန်သင်္ကြန် အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တောင်သာမြို့နယ်တွင် ပျူစောထီးအင်အားကောင်းသည့် ကျေးရွာအများအပြားရှိနေပြီး စစ်ကောင်စီတပ်က လက်နက်ပါတပ်ဆင်ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။