Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံခရိုင်တွင် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲနေရာသုံးခုအား ဒရုန်းဖြင့်တိုက်ခိုက်

မတ်လ ၂၇ ရက်က ​မြင်းခြံမြို့နယ်၊ရကိုင်းကျေးရွာနှင့် ဂင့်ဂဲကျေးရွာတို့ရှိ စစ်ကောင်စီတပ်နှင့်ပျူများ တပ်စွဲထားသောနေရာများအား ဒရုန်းဖြင့် M9 ဗုံးသီး လေးလုံးစီချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေသည့် Myingyan District Drone Strike အဖွဲ့သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - MDDS)
(ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေသည့် Myingyan District Drone Strike အဖွဲ့သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - MDDS)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တပ်စွဲရာနေရာများအား ဒရုန်းဖြင့် ပြင်းအားမြှင့်ဗုံးသီးများချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Myingyan District Drone Strikeအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၇ ရက်က ​မြင်းခြံမြို့နယ်၊ရကိုင်းကျေးရွာနှင့် ဂင့်ဂဲကျေးရွာတို့ရှိ စစ်ကောင်စီတပ်နှင့်ပျူများ တပ်စွဲထားသောနေရာများအား ဒရုန်းဖြင့် M9 ဗုံးသီး လေးလုံးစီချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုများတွင် ကိုင်းကျေးရွာမှ စစ်ကောင်စီတပ်သား လေးဦး၊ ဂင့်ဂဲကျေးရွာမျ စစ်ကောင်စီတပ်သား နှစ်ဦး စုစုပေါင်း ခြောက်ဦးအား လူနာတင်ကားဖြင့် မြင်းခြံဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ထိုနေ့ကပင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းအား ဒရုန်းဖြင့် ပြင်းအားမြှင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကိုင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ ဂင့်ဂဲရွာ မှာတပ်စွဲထားတဲ့ စခန်းကို ညနေ၃နာရီလောက်မှာ တပြိုင်တည်း တိုက်ခိုက်တာ။ ကိုင်းစခန်းနဲ့ ဂင်ဂဲစခန်းက တစ်မိုင်ပဲဝေးတာပါ။ ရုံးစည်ကြီး ရဲစခန်းကိုတော့ ည ၁ဝ နာရီနောက်ပိုင်းမှာတိုက်တာပါ။ ရုံးစည်ကြီးအထိအခိုက်ကတော့ စုံစမ်းနေတုန်းပဲ။”ဟု အဆိုပါအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများကို Myingyan District Drone Strike အဖွဲ့နှင့် မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း၊ အမှတ်(၃)တပ်ရင်းနှင့် အမှတ်(၄)တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်အား အရှိန်မြှင့် တိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့်ဝေးရာတွင် နေထိုင်ကြရန် သတိပေးထားသည်။

Myingyan District Drone Strike အဖွဲ့နှင့်မဟာမိတ်အဖွဲ့များသည် မတ်လ ၂၅ရက်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ တောင်ကြားစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဖျက်အားပြင်း ဗုံးသီး ရှစ်လုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်များရှိကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။