Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန်ကြိုတင်အသိပေး စနစ် ပံ့ပိုးဖို့ အမေရိကန်ကို မြန်မာ့အရေးလှုပ်ရှားသူတွေတောင်းဆို

ဧပြီလ ၁၂ ရက် ညနေ ၃ နာရီခွဲက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဆီကို အိတ်ဖွင့်ပေးစာ သွားရောက်ပေးရာ မြန်မာ့ရေးရာဌာနက ယူဆောင်သွားတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့မြန်မာ့ရေးရာဌာနက အိတ်ဖွင့်ပေးစာကိုလာရောက်ယူဆောင်စဉ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့မြန်မာ့ရေးရာဌာနက အိတ်ဖွင့်ပေးစာကိုလာရောက်ယူဆောင်စဉ်

မြန်မာ့အရေး အကူအညီပေးမယ့်အချက်တွေ ထည့်သွင်းရေးဆွဲထားတဲ့ အမေရိကန်အမျိုးသား ကာကွယ်ရေးအက်ဥပဒေ(NDAA) ကို အမြန်ဆုံး ထိထိရောက်ရောက်အကောင်အထည်ဖော်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေဟာ ဧပြီလ ၁၂ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဆီကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

ဧပြီလ ၁၂ ရက် ညနေ ၃ နာရီခွဲက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဆီကို အိတ်ဖွင့်ပေးစာ သွားရောက်ပေးရာ မြန်မာ့ရေးရာဌာနက ယူဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူနယ် ၊ပဇီကြီးရွာ မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် ၁၀၀ ကျော်သေဆုံးခဲ့ရပြီးနောက် မြန်မာ့အရေးလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာ ကိုအမေရိကန်အစိုးရထံ သွားရောက်ပေးတာပါ။

အဲဒီအိတ်ဖွင့်ပေးစာထဲမှာ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးကို ထိထိရောက်ရောက် အကူအညီပေးဖို့ တိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူလူထု ထိခိုက်သေကြေမှု တွေကို ကာကွယ်နိုင်ဖို့ အတွက် လေကြောင်းရန်ကြိုတင်အသိပေးတဲ့ စနစ်တွေ ၊ ထိရောက်တဲ့ဆက်သွယ်ရေးစနစ် ၊ဆေးဝါးသယ်ယူပို့ဆောင်ရေး ဒရုန်းတွေ ကို ကူညီပေးဖို့ အိတ်ဖွင့်ပေးစာထဲမှာ အဖွဲ့အစည်း ၅၀ ကျော်က အမေရိကန်အစိုးရ ကို တောင်းဆိုပါတယ်။

ဒါအပြင် စစ်တပ်အဓိက ဝင်ငွေရနေတဲ့ မြန်မာ့ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်းကို စီးပွားရေး ပြစ်ဒဏ်ခတ်ဖို့ ၊ မြန်မာစစ်တပ်ထံ နိုင်ငံတကာက လက်နက်ရောင်းချတာကို တားမြစ်ဖို့ ပါ ထပ်လောင်းတောင်းဆိုတာတွေ့ရပါတယ်။

ပဇီကြီးရွာ ဖြစ်စဉ်ပြီးနောက် အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ကြေညာချက်မှာ ကျုးလွန်သူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ဆောင်ရွက်သွားမယ့်အကြောင်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

နိုင်ငံတကာ

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပျက်ကျမှုတစ်ခုအပြီး အမေရိကန် ကြည်းတပ်ဟာ AH64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အားလုံးရဲ့ လေ့ကျင့် ပျံသန်းမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်မှာ ရက်ပေါင်း ၂၅၀ ကျော်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ရေတပ်သားတွေထဲမှာ စိတ်ပိုင်းရုပ်ပိုင်း နွမ်းနယ်မှုတွေ စိုးရိမ်စရာ မြင့်တက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် Patriot ဒုံးခွင်းဒုံးတွေ ရောင်းချပေးဖို့ အမေရိကန် အစိုးရကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မေတ္တာရပ်ခံခဲ့ပါတယ်။