Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့်ဗုံးဆံနှင့် သေဆုံးခဲ့သည့် ရှားပါးရစ်မျိုးစိတ် ငှက်များ၏ဓာတ်ပုံ CDF ဖော်ပြ

လက်နက်ကြီး ဗုံးဆံများတွေ့ရှိပါက ထိခြင်း ကိုင်ခြင်းမပြုဘဲ နီးစပ်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့များကို သတင်းပို့ရန် တိုက်တွန်းထားသည်။

(မပေါက်ကွဲသေးသည့်ဗုံးဆံနှင့် သေဆုံးခဲ့သည့် ရှားပါးရစ်မျိုးစိတ် ငှက်များ၏ဓာတ်ပုံများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(မပေါက်ကွဲသေးသည့်ဗုံးဆံနှင့် သေဆုံးခဲ့သည့် ရှားပါးရစ်မျိုးစိတ် ငှက်များ၏ဓာတ်ပုံများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဧပြီ ၁၁ရက်ညပိုင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မပေါက်ကွဲသေးသည့် ဗုံးဆံအချို့ ကျန်ရှိနေခဲ့ပြီး ယင်းဗုံးဆံများ၏ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းကို မင်းတပ် CDFက ယနေ့ ဖော်ပြခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူသေဆုံးမှုမရှိသော်လည်း ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

လေယာဉ် ဗုံးကြဲခံရသည့်နေရာများကို ကွင်းဆင်းရှင်းလင်းရာ မပေါက်ကွဲဘဲ ကျန်နေသည့် ဗုံဆံများ၊ ထိခိုက်ပျက်စီးသွားသည့် ရှားပါး ရစ်မျိုးစိတ်ငှက်များ တွေ့ရကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

(မပေါက်ကွဲသေးသည့်ဗုံးဆံနှင့် သေဆုံးခဲ့သည့် ရှားပါးရစ်မျိုးစိတ် ငှက်များ၏ဓာတ်ပုံများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(မပေါက်ကွဲသေးသည့်ဗုံးဆံနှင့် သေဆုံးခဲ့သည့် ရှားပါးရစ်မျိုးစိတ် ငှက်များ၏ဓာတ်ပုံများအား တွေ့ရစဉ်။ ဓာတ်ပုံ – CDF)

မပေါက်ကွဲသေးသည့် ဗုံးများ ရှိနေသေး၍ ပြည်သူများ တောထဲ၊ တောင်ယာခင်များ သွားလာရာ၌ သတိထားရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆလိုင်းယောမာန်က လူမှုကွန်ရက်မှတဆင့်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ပြင် လက်နက်ကြီး ဗုံးဆံများတွေ့ရှိပါက ထိခြင်း ကိုင်ခြင်းမပြုဘဲ နီးစပ်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့များကို သတင်းပို့ရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။